WangXian 3
===================
(ဇာတ်သိမ်းပိုင်း)လော့ချင်းယန်နှင့်သူမခင်ပွန်းကိုတွေ့ဆုံပြီးနောက်တစ်ရက်....
သူတို့နှစ်ဦး ကောင်းလင်းနယ်၏ မြို့လေးတစ်မြို့သို့ရောက်ရှိကြ၏။ဝေ့ဝူရှန့်သည် သူ့မျက်ခုံးများပေါ်ကိုလက်ဖြင့်ပွတ်၍ ဆိုင်တစ်ဆိုင်မှတွဲလွဲချိတ်ထားသော သေရည်ကောင်း ကြော်ငြာအလံများ ကိုစိုက်ကြည့်ရင်း
" ဒီမှာနားရအောင် "လန်ဝမ်ကျီးက သဘောတူကြောင်း ခေါင်းငြိမ့်ပြီး ဆိုင်တွင်းသို့ သူတို့ဘေးချင်းယှဥ်လျောက်လာကြ၏။
ယွင်မုန့်ကွမ်ရင်ကျောင်း၏ညတိုက်ပွဲပြီး နောက်နေ့မှစကာ ဝေ့ဝူရှန့်နှင့်လန်ဝမ်ကျီးတို့နှစ်ယောက် ပန်းသီးလေးနှင့်အတူ ခြေဦးတည့်ရာ သွားလာ၍ ပရမ်းပတာဖြ.စ်သည့်နေရာတိုင်းဝယ်.ညဥ့်အမဲလိုက်နေကြ၏။ မှော်နက်မိစ္ဆာတွေရဲ့ ဖမ်းစားခြောက်လှန့် အနှောင့်အယှက်ပေးနေကြ.သည့် နေရာတိုင်းသို့ သွားရောက်ဖြေရှင်းပေးကြ၏။ သူတို့ရှိနေစဥ် ထိုနယ်မြေ အတွင်းလှည့်လည်၍ ရောက်သည့်နေရာမှ ဒေသခံရိုးရာဓလေ့များကိုသိရှိနားလည်ရန် လေ့လာကြ.သည်။ ကျင့်ကြံရေးလောက၏ ပြဿနာများကို အာရုံမစိုက်ဘဲ လွတ်လပ်၍ချမ်းသာသုခဖြင့်ပြည့်စုံသော အချိန်သုံးလ ကုန်ဆုံးသွားပြီ။
သူတို့သည် အရက်ဆိုင်ထဲသို့လှမ်းဝင်ခါ ထောင့်တစ်ထောင်ရှိ စာပွဲလွပ်တစ်လုံးတွင် နေရာယူကြ၏။ ဆိုင်ထဲရှိ စားပွဲထိုးတစ်ယောက်က သူတို့နားသို့ ချဥ်းကပ်လာ၏။ ဝေ့ဝူရှန့်ထံမှ ပုလွေ ၊ လန်ဝမ်ကျီးခါးမှဓား...။ သူတို့၏သွင်ပြင်လက္ခဏာနှင့်ဟန်ပန်အမူရာတို့ကိုကြည့်ရင်း ကူရာကယ်မဲ့စွာ ဒီရက်ပိုင်းအတွင်း အလွန်ကျယ်ပြန့်စွာ ပြန့်နှံ့နေသည့်ပုံပြင်များထဲမှ ပုံရိပ်နှစ်ခုဖြင့် ဆက်စပ်မိ၏။ စားပွဲထိုးက သူတို့ကို အတန်ကြာ အသေးစိတ်အကဲခတ်ပြီးနောက် ကူစူးလန်ဂိုဏ်း၏နဖူးစည်းမဝတ်ထားသည့် ဝတ်ရုံဖြူနှင့်လူငယ်ကိုကြည့်ရင်း မသေချာနိုင်သေးဘဲဖြ.စ်နေ၏။
ဝေ့ဝူရှန့်က သေရည်ကောင်းမကောင်း မေမြန်းခါ လန်ဝမ်ကျီးကဟင်းပွဲအနည်းငယ်မှာလိုက်၏။ ဝေ့ဝူရှန့်သည် လက်တဖက်မှသူ့ပါးကိုထောက်ကာ လက်ချောင်းများတွင် နှင်းဖြူရောင်နဖူးစည်းရစ်ပတ်ထားသည့်ကျန်လက်တဖက်ကို စားပွဲအောက်တွင်ထား၍ ဟင်းပွဲအမည်များကိုနားစိုက်ထောင်နေ၏။ သူ့မျက်နှာပေါ်ဝယ် နှစ်နှစ်ခြိုက်ခြိုက်အပြုံးတစ်ခုရှိနေ၏။ စားပွဲထိုးလေးထွက်သွားပြီးမှသာ သူကစတင်၍
" ဒါတွေအများစုကစပ်တယ်...မင်းစားနိုင်ပါ့မလား? "