အခန်း ၂၇။ အိပ်မပျော်သောည ၈

23 5 4
                                    

အိပ်မပျော်သောည ၈
======================
ယခုချိန်မှာ လန်ဝမ်ကျီး မရှိဘဲ ဝေ့ဝူရှန့် ဘာမှမလုပ်နိုင်တော့....💔
======================

ဝေ့ဝူရှန့် အခန်းတွင်းသို့လှမ်းဝင်ပြီးနောက် သူကျောဘက်မှ တံခါးကို ပိတ်လိုက်၏။ တံခါးရွက်ကိုမှီထားရင်း လန်ဝမ်ကျီး တခြားအခန်းထဲ သို့ ဝင်ကာတံခါးပိတ်သံကြားရသည်ထိစောင့်နေ၏။ ထို့နောက် ချက်ချင်းပင် သူ့ပါးသူ ဖြ.တ် ရိုက်ချလိုက်သည်။ သူဘာတွေလုပ်ခဲ့မိသနည်း? ??

သူသည်ကုတင်ပေါ် လေးပင်စွာပစ်လှဲပြီး ပူပြင်းလှသော သူ့မျက်နှာကို ခေါင်းအုံးထဲတွင်နှစ်ထားလိုက်သည်။ သို့သော် သူ့ခန္ဒာကိုယ်နှင့်မျက်နှာမှ ပူ​ပြင်းတောက်လောင်မှုကိုမငြိမ်းသတ် နိုင်ပါ။ သူသည် စားပွဲပေါ်ရှိ ရေခရားအိုးကိုယူပြီး သူ့ခေါင်းပေါ်သို့လောင်းချလိုက်သည်။ သို့သော်ဘာမှမထူးခြားပါ။
သူခန္ဒာကိုယ်တစ်ခုလုံး လမ်ဝန်ကျီး၏ကိုယ်သင်းရနံ့များဖုံးလွမ်းနေသည်။

ဝေ့ဝူရှန့် သိပါ၏။ အကယ်၍ ဒီနေရာတွင် ဆက်နေအုံးမည်ဆိုလျင် နံရံတစ်ချပ်သာခြားသော လန်ဝမ်ကျီးအကြောင်း ဆက်တွေးနေမိ၍ လွန်ခဲ့သောခနက သူတို့လုပ်သည်များကြောင့် တစ်ညလုံး စိတ်အေးလက်အေး အနားယူအိပ်စက်နိုင်မည်မထင်။ သူဒီနေရာတွင်ဆက်မနေနိုင်တော့သည်မှာ အသေချာပင်။

သူသည် ပြ တင်းပေါက်မှ တည်းခိုခန်းအပြင်ရှိလမ်းပေါ်သို့ ကြောင်တစ်ကောင်လို အသံလုံးဝမထွက်စေဘဲ ခုန်ချလိုက်သည်။

ညသည် အလွန်ပင်နက်လှပြီ။ အပြင်ဖက် တွင် လူသူကင်းရှင်းနေ၍ ဝေ့ဝူရှန့်သည် အရှိန်မြှင့်၍ အပြေး တပိုင်းသွားလိုက်သည်။

လန်ဝန်ကျီးအရက်မူးစဥ်က ပုံများ ရေးဆွဲထားသော တည်းခိုခန်းအုတ်တံတိုင်းအနီးမှ ဖြ.တ်မိသောအခါ ဝေ့ဝူရှန့် ရှေ့မဆက်နိုင်ဘဲ ရပ်တန့်မိ၏။ သူသည် ထိုနေရာတွင်ရပ်ရင်း နံရံပေါ်မှအရုပ်များကိုကြည့်နေ၏။ ယုန်များ ရစ်ငှက်များ ... ရုပ်ပုံအားလုံးမှာ ဖရိုဖရဲရေးခြ.စ်ထားသည်။ လန်ဝမ်ကျီးမျက်နှာကိုမြင်ယောင်ရင်း ဒီပုံတွေကိုရေးဆွဲနေတုန်း သူ့စိတ်ထဲဘာတွေရှိနေလဲဟု ဝေ့ဝူရှန့် ပြန် တွေးကာ ယခုဆွဲခေါ်လာပြီး သူ့အကောင်းစားပန်ချီလက်ရာများကို ပြ.သ လိုက်ချင်၏။ သူသည်ကူရာကယ်ရာမဲ့အနည်းငယ်ပြုံးမိသည်။

TU Love❤ ❤Where stories live. Discover now