Extra 1 - မိသားစုဧည့်ခံပွဲ ၁
=================လန်ဝမ်ကျီးက ဝေ့ဝူရှန့်ဘက်သို့လှည့်၍
" ငါ့ကိုဒီမှာခဏစောင့်နေပါ "ဝေ့ဝူရှန့်"ငါ..မင်းနဲ့အတူလိုက်ခဲ့ရင်ရော ဘယ်လိုလဲ "
လန်ဝမ်ကျီးခေါင်းခါလျက် " မင်းအထဲကိုလိုက်ရင် သူစိတ်ဆိုးလိမ့်မယ် "
ဝေ့ဝူရှန့်က ထိုကိစ္စကိုတွေးမိလိုက်၍ စောင့်နေရန် ဂတိပေးလိုက်၏။ သူ့ကိုတွေ့မြင်လိုက်သည်နှင့် လန်ချီရန်သည် ဖယောင်းတိုင်မီးတောက်ဖြ.တ်ခနဲငြိမ်း သလို နုလုံးသွေးရပ်သွားနိုင်၏။ သူ့အသက်ရှုသံများ ပုံမှန်ထက်ပြင်းထန်၍ ရှုးရှုးရှားရှားဖြ စ်ကုန်၏။ သူဘက်မှကြည့်လျင် တခါလောက်တော့မျက်နှာသာပေးသင့်သည်ဟုထင်သော်လဲ လန်ချီရန် သူ့ကိုတွေ့သည်နှင့် သည်းမခံနိုင်လောက်အောက် ဒေါသထွက်တော့သည်။
လန်ဝမ်ကျီးကသူ့ကိုတစ်စုံအရာပြောချင်သ လို ကြည့်နေ၏။ ဝေ့ဝူရှန့်က ချက်ချင်းထပ်ပြော၏။
" ကောင်းပြီ...ငါသိပါတယ်...လမ်းမြန်မြန်မလျောက်နဲ့... စကားအကျယ်ကြီးမပြောနဲ့... ဒီဟာမလုပ်နဲ့... ဟိုဟာမလုပ်နဲ့... ငါပြောတာ ဟုတ်တယ်မလား? စိတ်မပူနဲ့... အခုငါ မင်းနဲ့အတူလိုက်လာခဲ့ပြီဘဲဟာ... မင်းတို့ဂိုဏ်းရဲ့နံရံပေါ်ကစည်းကမ်းတွေကို တစ်ခုမှမချိုးဖောက်မိအောင် တပ်နိုင်သမျဂရုစိုက်ပါ့မယ်... တပ်နိုင်သမျဂရုစိုက်မယ်လေနော်.. "
လန်ဝမ်ကျီးသည်ထိုကဲ့သို့ မတွေးထားမိခဲ့...
" ဒါကကိစ္စမရှိပါဘူး... မင်းဒါတွေကိုဖောက်ဖျက်ခဲ့ရင်လဲ....."ဝေ့ဝူရှန့် ဒူးထောက်ရမည်ထင်၍ " ဟမ်? "
လန်ဝမ်ကျီးကိုကြည့်ရသည်မှာ မပြောတာ ပိုမိုသင့်လျော်မည့်ဟု အဆုံးသတ်နားလည်သဘောပေါက်မိပုံရ၏။ ခဏကြာမျ သူ့ခေါင်းကိုဘေးတဖက်သို့လှည့်ထားမှ စိုးရိမ်ပူပန်သည့်မျက်နှာဖြင့် ပြန်လှည့်လာပြီး
" ဘာမှမဟုတ်တော့ဘူး... "ဝေ့ဝူရှန့်မှာ စိတ်ရှပ်ထွေးသောမျက်နှာဖြင့်
" ငါ... စည်းမျဥ်းတွေကိုဖောက်ဖျက်ခဲ့ရင်ဘာဖြ.စ်မှာလဲဟင်? "