အပိုင်း ၁၇။ သစ္စာစောင့်သိခြင်း ၄

20 5 2
                                    

(မူရင်းဝတ္ထု) သစ္စာစောင့်သိခြင်း ၉
====================

(ယွင်မုန့်ကျန်းဂိုဏ်းကို မိန်းကလေးနှစ်ဦး ရောက်လာပြီး ကျင်းကွမ်းယောင်ရဲ့ယုတ်မာမှုတွေကိုပြောပြကြ.တာ...movieမှာပါတာ ကိုကျော်လိုက်တယ်. ဂိုဏ်းချုပ်တွေ အာလူးဖုတ်နေတုန်း ဝေ့နဲ့လန် အပြ.င်ထွက်လာကြ.တယ် )

🌼 🌸 🌺 🌼 🌸 🌺 🌼 🌸 🌺

ကြာပန်းမြိုင်အပြင်ဘက်... ရေဆိပ်သို့မရောက်ခင်..

လန်ဝမ်ကျီးသည် ဝေ့ဝူရှန့် ဦးဆောင်ရာနောက်သို့ လိုက်ပါလာခဲ့၏။ သူသည် ဘယ်သွားမှာလဲဆိုတာ မမေးခဲ့ပါ။

သူတို့နှစ်ဦးမှာ အပျော်ခရီးထွက်လာသလို စိတ်လွတ်ကိုယ်လွပ် အေးအေးလူလူ လမ်းလျောက်နေကြ၏။ လှေဆိပ်ဝယ် လမ်းဘေးစျေးသည်အနည်းငယ်ရှိသည်။ ဝေ့ဝူရှန့်သည် လျောက်ကြည့်ကာ ရယ်မောလျက်
" သူတို့ဆီက အစားကောင်းတွေကို မစားဘူးလား...လန်ကျန့်...ဒီကိုလာ..ဒီကိုလာခဲ့...ဒီအစာသွပ်မုန့်က တကယ်ကိုကောင်းတာ...ငါဝယ်ကျွေးမယ်လေ!... ကျနော်တို့ နှစ်ခုရနိုင်မလား "

စျေးသည်က ရယ်မောလျက် မုန့်များကို ဆီခံစက္ကူဖြင့်ထုတ်ပေးလိုက်၏။ ဝေ့ဝူရှန့်သည် မုန့်များကိုယူခါနီးမှ သူ့မှာ ငွေတပြားမှမရှိကြောင်း သတိရလိုက်သည်။ သူဘယ်လို ဝယ်ကျွေးနိုင်ပါ့မလဲ? သို့သော် လန်ဝမ်ကျီးက သူ့ကိုကျော်ကာ မုန့်များကိုယူပြီး လက်တဖက်က ငွေစများပေးနှင့်ပြီးသားဖြ.စ်၏။

ဝေ့ဝူရှန့် " အာ..အို...တောင်းပန်ပါတယ်...ဘာလို့ အမြဲတမ်း ​ဒီလိုချည်းဘဲလဲ ...မင်းကို တစ်ခုခုဝယ်ကျွေးချင်တိုင်းဒီလိုဘဲ...ငါအဖြေရှာမရဘူး "

လန်ဝမ်ကျီး " ရပါတယ် "

ဝေ့ဝူရှန့်သည် မုန့်ကို တကိုက်မျကိုက်ခါ
" ဟိုးအရင်တုန်းကဆို... ရေဆိပ်မှာ မုန့်စားပြီးရင် ဘယ်တော့မှငွ​ေမပေးဘူး... ငါလိုချင်တာ ငါစားချင် ဆွဲယူပြီး ပြေးတာ...လမ်းလျောက်ရင်းစားပစ်တယ်... တလလောက်နေမှ ဦးလေးကျန်းကို စျေးသည်တွေက ကြွေးလာတောင်းကြ.ရော "

လန်ဝမ်ကျီးက လဝန်းသဏ္ဍန် အဆာသွပ်မုန့်ကို ဖွင့်ရင် " အခုလဲ မင်းပေးစရာမှမလိုတာ "

TU Love❤ ❤Where stories live. Discover now