အခန်း ၃၁။ First Time ( WangXian 1)

60 5 5
                                    

First Time  (WangXian 1)
==================
♥♥♥♥♥♥♥♥♥

နေမဝင်သေးခင်အချိန်လေး....
လမ်းများပေါ်ဝယ် အလင်းရောင်တချို့ရှိနေသေး၏။
လမ်းမထက်မှ မြည်း ခွာသံကိုနားထောင်ရင်း ဝေ့ဝူရှန့်နှင့်လန်ဝန်ကျီးတို့ အတူယှဥ်တွဲကာ လမ်းလျောက်လာကြ၏။
ဝေ့ဝူရှန့်သည် မြည်းကျောကုန်းပေါ်တွင်ထိုင်ရင်း တင်ပါးလေးကိုပုတ်ပေးနေ၏။ ၎င်း၏ခါးသိုင်းကြိုးပေါ်ရှိအိပ်ငယ်လေးအတွင်းဝယ် အဆာပြေ.စားရန် လန်ဂိုဏ်းသားငယ်များ ထည့်ပေးထားသော ပန်းသီးများအပြည့်ပင်။ ဝေ့ဝူရှန့်သည် ပန်းသီးတစ်လုံးကို ထုတ်ကာ ပါးစပ်နားတွင်တေ့လိုက်၏။ ပန်းသီးကို တကျွတ်ကျွတ်ဝါးရင်း လန်ဝမ်ကျီး၏ ဘေးတိုက်အနေထားဖြင့် ချောမောခန့်ညားသော မျက်နှာကိုငေးမော ကြည့်ရှုနေ၏။

လန်စစ်ကျွေးနှင့်ဝမ်နင်တို့မှာ ရိလင်းတောင်ခြေရှိ ကွယ်လွန်ပြီးကြသော ဘိုးဘွားဆွေမျိုးများအတွက် အုတ်ဂူတည်ကာ ကန်တော့ရန် သွားကြလေပြီ။

ဝေ့ဝူရှန့်နှင့်လန်ဝန်ကျီးတို့သည် ပြဿနာအားလုံးရှင်းလင်းပြီးသောအခါ မည်သူ့ကိုမှနုတ်မဆက်ဘဲ ထွက်လာကြ သည်။ ဝေ့ဝူရှန့်သည် ပန်းသီးလေး(မြည်း) ပေါ်တွင်ထိုင်ပြီး လန်ဝမ်ကျီးက ​ဇက်ကြိုးကိုဆွဲရင်း ခရီးနှင်လာကြ သည်။ မြေနီလမ်းကလေးတဖက်တစ်ချက် သစ်ပင်များ တောပန်းလေးများ စိမ်းစိုသောမြ က်ခင်းများနှင့်သာယာလှပလွန်းသည်။ ကြည်နူးဖွယ်ရာပန်ချီကားတစ်ချပ်၏ အလယ် ချောမောခန့်ညားလွန်းသည့် လုလင်ပျိုနှစ်ဦးတို့သည် လိုက်ဖက်လွန်းလှပေစွ။ သူတို့နှစ်ဦး စကားတပြောပြောနှင့် လျောက်လှမ်းလာကြ သည်။

ဝေ့ဝူရှန့်, " လန်ကျန့်... စစ်ကျွေးကိုပြု စုပျိုးထောင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် "

လန်ဝမ်ကျီး ,"ငါတို့ကြားမှာ ကျေးဇူးတင်စရာ... တောင်းပန်စရာတွေမလိုဘူး"

ဝေ့ဝူရှန့်ကချစ်စဖွယ်ပြုံး၍ , " အသေချာပဲ။ ငါတို့ တခြားစကား တွေပြောရအောင်...နော်"

သူသည် ကိုယ်ကိုနှိမ့်ကာ တစုံတစ်ခုပြောရန်ရှိသည့်အလား လက်ကိုမြောက်၍ ခါးကိုလန်ဝမ်ကျီးဘက်သို့ကိုင်းလိုက်သည်။ သူမျော်လင့်ထားသည့်အတိုင်းပင် လန်ဝမ်ကျီးက သူ့အနားကပ်လာပေးသည်။ ဝေ့ဝူရှန့်က လန်ဝမ်ကျီး၏ မေးဖျားချွန် ချွန်လေးကို သူ့လက်ချောင်းများဖြင့် အသာစွဲပင့်လိုက်ကာ ပန်းဆီရောင်နုတ်ခမ်းများကို မြ တ် မြ တ်နိုးနိုး နမ်းရှိုက်လိုက်သည်။
အချိန်ကြာမြင့်စွာနမ်းရှိုက်နေသည်မှာ ကိုက်ခဲ နေကြ သလိုပင်။ တစ်ဦးမျက်တောင်များကတစ်ဦးကို ခတ်မိနေသလို တစ်ဦး၏ပင့်သက်က တစ်ဦးပေါ် ရှပ်တိုက်နေသည်။

TU Love❤ ❤Where stories live. Discover now