Extra 4 - နံ့သာအိုး ၁

32 3 2
                                    

ဝေ့ဝူရှန့်သည် တိမ်လွာနန်းမြိုင်၏ ရှေးဟောင်းအမွေနှစ်ခန်းမဆောင်ထဲမှ အဖိုးတန်ပစ္စည်းများသိမ်းဆည်းရာအခန်းထဲမှ နံ့သာအိုးတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့၏။

ထိုနံသာအိုးတွင်...
ဝက်ဝံတစ်ကောင်၏ကိုယ်ထည်.. ဆင်နှာမောင်းတစ်ခု.. ကြံ့တစ်ကောင်၏မျက်လုံး... ကျွဲတစ်​​ကောင်၏ အမြီး... ကျားတစ်ကောင်၏ ခြေထောက်များပါဝင်၏။
သူ့ဝမ်းဗိုက်အတွင်းပိုင်းသည် အဓိကအလုပ်လုပ်သည့်အစိတ်ပိုင်းဖြ.စ်၍ နံသာအခိုးငွေ့များပြည့်လာလျင်နုတ်ခမ်းပေါက်ဝမှတဆင့်မှုတ်ထုတ်၏။

ကျင်းရှိဆောင်ထဲတွင် ဝေ့ဝူရှန့်သည် ထိုနံသာအိုးဖြင့် အတန်ကြာထိတော့ကစားနေ၏။
" ဒါလေးကြည့်ရတာ ပျော်စရာပဧ္စည်းလေးတစ်ခုဖြ.စ်မယ်... လူသတ်လိုစိတ်နဲ့အမုန်းရန်ငြိုးလဲမရှိဘူး.. ဒါကြောင့်မို့ လူတွေကိုအန္တရာယ်ပေးဖို့သုံးတဲ့ပစ္စည်းမဟုတ်တာသေချာတယ်... လန်ကျန့်..ဒါဘာအတွက်သုံးတာလဲ မင်းသိလား?

လန်ဝမ်ကျီးကခေါင်းယမ်းပြ၏။ ဝေ့ဝူရှန်က အခိုးငွေ့များကိုတချက်ရှုရှိုက်ခဲ့၏။ အမှားယွင်းတစုံတရာမတွေ့ရ။ သူတို့နှစ်ဦးစလုံး သံသယမများတော့ဘဲ နံသာအိုးလေးကို ခတ်လှမ်းလှမ်းမှာထားပြီး နောက်ရက်များမှဆက်လက်စမ်းသတ်စစ်ဆေးရန်ဆုံးဖြ.တ်ကြ၏။

သူတို့နှစ်ဦးမှာအတော်လေးပင်ပန်းသလိုခံစားရသဖြင့် အတန်ကြာ ဖက်တွယ်လဲလျောင်းနေကြပြီးနောက် နှစ်ခြိုက်စွာအိပ်မောကျသွားတော့သည်။ မသိနိုင်သောအချိန်ကာလတစ်ခုကိုကျော်လွန်၍... ဝေ့ဝူရှန့်နိုးထလာခဲ့၏။ သူနှင့်လန်ဝမ်ကျီးသည် တိမ်လွာနန်းမြိုင် ၏ကျင်းရှိဆောင်တွင်မဟုတ်ဘဲ တောအုပ်တစ်ခုအလည်တွင်ကောက်နေကြ၏။

ဝေ့ဝူရှန့်သည်မြေပြင်ပေါ်မှထ၍
" ဒါကဘယ်နေရာလဲ "

လန်ဝမ်ကျီး " ဒါက အစစ်မှန်လောကမဟုတ်ဘူး "

ဝေ့ဝူရှန့် " အစစ်မှန်လောကမဟုတ်ဘူးလား?လုံးဝမဖြ.စ် နိုင်ဘူး "

သူကအတော်လေး ကြည်လင်ထင်ရှားစွာခံစားမိ၍ သူ့အကျီလက်များကိုခါရမ်းရင်း
" ဒါက လက်တွေ့ဘဝအစစ်မှန်မဟုတ်ဘူးဆိုရင် ဘာဖြ.စ် နိုင်သလဲ?"

TU Love❤ ❤Where stories live. Discover now