Chapter - 8

10.3K 1.8K 76
                                    

အောက်တိုဘာလထဲ ၀င်ပြီဆိုသည်နှင့် အပူချိန်မှာ တစ်ဆယ်ဒီဂရီကျော်လောက် လျော့ကျသွားသည်ကြောင့် နွေရာသီကျောင်းယူနီဖောင်းရဲ့ စကပ်တိုဘောင်းဘီတိုများကို First Highကျောင်း၀င်းထဲတွင် မမြင်ရတော့။ ကျောင်းဆင်းချိန်ဆို ကော်ရစ်တာလက်ရန်းမှာမှီလို့ ဖြတ်သွားတဲ့ကောင်မလေးတွေကို ငေးကြတဲ့ ကောင်လေးတွေဟာလည်း အရေအတွက် နည်းလာသည်။ နွေအချိန်ရဲ့တက်ကြွလှုပ်ရှားမှုတွေဟာလည်း ပျောက်ကွယ်သွားသည်။

နေ့လည်စာစားချိန်မှာတော့‌ Class 1ရဲ့အားစကားကော်မတီအဖွဲ့၀င်ကောကျစ်ရှုန်းက စာရင်းသွင်းတဲ့ဖောင်စာရွက်တစ်ရွက်ကို ယူကာ စင်မြင့်ပေါ်တက်လာသည်။
"အတန်းဖော်တို့! အောက်တိုဘာ ဆောင်းဦးချိန်ကို ရောက်ပြီဆိုတော့ နှစ်စဥ်အားကစားပြိုင်ပွဲတွေ ရောက်လာပါပြီ! alphaအတန်းဖော်များအားလုံးဗျ! နောက်ဆုံးတော့ မင်းတို့ရဲ့ ခွန်အားကို ထုတ်ကြွားပြသရမယ့်အချိန်ရောက်လို့လာပါပြီ....''

"Ai, ai, ai"
ရှေ့တန်းမှ ချန်ရင်းရင်းက ဖြတ်ပြောလိုက်သည်။
"ဘာကိစ္စ alphaတွေကိုပဲ ထည့်ပြောနေတာလဲ? မနှစ်ကဒီသခင်မကြီးကပဲ မိန်းကလေးအမြင့်ခုန်မှာ ပထမရထားတာပါနော်"

"အတန်းမော်နီတာရေ ငါပြောလို့ မပြီးသေးဘူးလေ"
ကောကျစ်ရှုန်းက ဆက်ပြောတယ်။
"omegaအတန်းဖော်များအားလုံး! နောက်ဆုံးတော့ မင်းတို့ရဲ့ သွယ်လျလှပပျော့ပျောင်းတဲ့ ကိုယ်ကို ထုတ်ပြဖို့အချိန်ရောက်ပါပြီ! betaအတန်းဖော်များကလည်း မင်းတို့ရဲ့ အဖွဲ့လိုက်အင်အားကို ထုတ်ပြဖို့အချိန် နောက်ဆုံးတော့ ရောက်လို့လာပြီ! ငါတို့အားလုံးဝိုင်း၀န်းကြိုးစားလို့ အတန်းရဲ့ ဂုဏ်သရေကို ဆောင်ကြပါစို့! စည်းလုံ့းညီညာ အောင်ကြောင်းဖြာကြပါစို့ !"

ချန်ရင်းရင်းက လက်ရမ်းပြကာ
"ကောင်းပြီ၊ ကောင်းပြီ၊ နင်ဒီလို မဟုတ်က ဟုတ်ကတွေဆက်ပြောနေဦးမယ်ဆို ဖောင်သာလှမ်းပေးလိုက်တော့၊ ငါအရင်ဖြည့်လိုက်မယ်"

ကောကျစ်ရှုန်းက ဖောင်ကို ပျော်ပျော်ကြီး လက်နှစ်ဖက်နဲ့ သူမဆီပေးလိုက်ပြီး ဘောပင်အဖုံးပါတစ်ခါတည်းချွတ်ပေးထားလိုက်တယ်။
"အတန်းမော်နီတာ၊ သဘောကျပါပဲဗျ!"

Pay Attention To Me [Myanmar Translation]Where stories live. Discover now