Chapter - 89

8.2K 1.3K 40
                                    

ကျန်းလောင်ရှီးဆီက အပြစ်ပေးမှုဟာ တင်္နလာနေ့မှာ တရား၀င်စတင်တယ်။

‘‘ဟိုမှာကြည့် ဘယ်သူကြီးလဲ......”
ဖြတ်သွားကြတဲ့ကောင်မလေးတွေက ပါးစပ်ကိုအုပ်ရင်း တိုးတိုးတိုးတိုးနဲ့ ခိုးခိုးခစ်ခစ်ရယ်သွားကြတယ်။

ဟန်မုန့်လည်း ရေထွက်ခပ်တော့ လျှောက်လမ်းမှာ ဇွဲကြီးလှတဲ့ သန့်ရှင်းရေးသမား(တံမြက်စည်းလှည်းသမား)လေးကို တွေ့ရတယ်။ ဒီလိုနဲ့ သူ အူတက်ရတော့တာပါပဲ။
‘‘အမလေးလေး ကျောင်းနတ်ဘုရားကြီးကျန့်က စားပြီးပြီးချင်း အလုပ်တွေကြိုးစားနေပါလား ဇွဲကြီးချက်ပဲ” 

လက်တစ်ဖက်မှာ တံမြက်စည်း တစ်ဖက်မှာ ‌အမှိုက်ဂေါ်ကြီးနဲ့ ကျန့်ယောင်က သူ့ကို နှုတ်ခမ်းလေးကွေး ပြုံးပြတယ်။
‘‘မယုံနိုင်သေးဘူးဆိုရင် ဒီအမှိုက်တွေကျွေးလိုက်ရမလား”

ဟန်မုန့်က လန့်ဖျပ်ပြီး ‌အနောက်ဆုတ်သွားတယ်၊ အဲ့မှာ အချိန်ကိုက်ပဲ စာသင်ခန်းထဲထွက်လာတဲ့ ရင်းချဲယ်နဲ့တိုးတော့ ချက်ချင်းပဲ သူ့ပေါင်ကိုပြေးဖက်လိုက်တယ်(အားကိုးတဲ့သဘောပြောတာပါ တကယ်ကြီးသွားမဖက်ပါဘူးနော်)။
‘‘ချဲယ်ကောရေ! ကယ်ပါဦး! ချဲယ်ကော‌ကောင်က အတန်းဖော်အချင်းချင်း ဘူလီနေတယ်!”

စိတ်မ၀င်စားစွာ ရင်းချဲယ်က သူ့ကိုကျော်ထွက်သွားတယ်။

ကျန့်ယောင်ကတော့ တဟားဟား အော်ရယ်တယ်။ တံမြက်စည်းနဲ့ ဂေါ်ကို ဘေးပစ်ချလိုက်ပြီး သူ့ကောင်လေးကို ရင်ဖွင့်ကြိုဆိုလိုက်တယ်။
‘‘ချဲယ်ချဲယ်က မင်းကို ဘယ်ကူညီပါ့မလဲ? ဘယ်သူ့ကောင်လေးလဲ မသိဘူးလား ကျိန်း‌‌သေပေါက် ငါ့ဘက်ပဲ ပါ——” 

ရင်းချဲယ်ကမူ သူ့လက်အောက်ကနေ ခေါင်းငုံ့ပြီး ကျော်ထွက်သွားတယ်။
‘‘ရူးလိုက်တာ”

‘‘......”

‘‘......”

.....

အားကစားပွဲအပြီးနောက်တော့ တတိယနှစ်တွေအတွက် ကျောင်းတွင်းပျော်စရာပွဲလမ်းသဘင်တွေ လုံး၀ကုန်သွားပြီး စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရမယ့် အနေအထားကို ရောက်လာတယ်။

ဝူကောကျုံကတော့ အရွယ်ရောက်ကြတော့မယ့် ဒီကျောင်းသားလေးတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် ဘ၀သင်ခန်းစာတွေရွေးပြီး နည်းနည်းချင်း ပို့ချပေးနေတယ်။ လာမယ့်နှစ်၀က်စာမေးပွဲကနေ ဘွဲ့ရပြီးတဲ့နောက် ဘ၀ရည်မှန်းချက်တွေအထိ ရှုပ်ထွေးလှတဲ့အကြောင်းရာတွေကို သူက ရိုးရှင်းတဲ့စကားလုံးတွေ‌ သုံးလို့ရှင်းပြတယ်၊ အပြောလေးကလည်း တော်တော်ညက်လှတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now