Chapter - 19

8.6K 1.7K 111
                                    

ကျန့်ယောင်က ခြေလှမ်းကျယ်ကြီးတွေနဲ့ သူ့ကိုဆေးခန်းဆီကုန်းပိုးသွားပေးသည်မှာ နှစ်မိနစ်သုံးမိနစ်ပင်မကြာလိုက်။

''လောင်ရှီး၊ ကျနော့်အတန်းဖော်ချော်လဲပြီးဒဏ်ရာရသွားလို့ တစ်ချက်လောက်ကြည့်ပေးပါဗျာ"

ကျောင်းဆေးခန်းဆရာဝန်မှာတော့ လက်ဖက်ရည်လေးသောက်ရင်း ဇာတ်လမ်းတွဲကြည့်နေကာ ဂျူတီကုတ်အဖြူလေးပင် ၀တ်မထားသည်ကြောင့် သာမန်အဒေါ်ကြီးတစ်ယောက်နှင့်ပင် တူနေသည်။ ကျောင်းသားတွေရောက်လာတာမြင်တော့ ဇာတ်လမ်းတွဲကို ပိတ်လိုက်ကာ ၀င်လာတဲ့နှစ်ဦးကို ကြည့်လိုက်သည်။

''ဒဏ်ရာက ဘယ်မှာလဲ? သူ့ကြည့်ရတာ အဆင်ပြေပုံပါ"

ရင်းချဲယ်ရဲ့ကျောင်းယူနီဖောင်းနဲ့ မျက်နှာက အနည်းငယ်ပေပွနေသည်မှလွဲ၍ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရပုံမပေါ်။

ကျန့်ယောင်က သူ့ကိုခုံပေါ် အသာယာချပေးပြီးနောက် ပြောသည်။
''သူခြေထောက်ခေါက်သွားတယ်ထင်တယ်၊ လက်လည်းပေါက်ပြဲသွားတယ်"

ရင်းချဲယ်မှာတော့ ကျန့်ယောင် သူ့အင်္ကျီထဲလာပြီးစောင့်ကြည့်ကင်မရာများတပ်ထားလား တွေးမိတယ်။
''ငါခြေထောက်ခေါက်မှန်း မင်းကဘယ်လိုသိတာလဲ?"

''မင်းထနိုင်နေမှတော့ လူတွေရဲ့လှောင်ပြောင်အကြည့်တွေကြားထဲမှာ အကြာကြီးထိုင်နေပါ့မလား?"

ထိုအရာကိုတော့ ရင်းချဲယ်လည်း မငြင်းနိုင်ပေ။

သူ့ခြေထောက်ခေါက်သွားလို့မထနိုင်လို့ဆိုတာမှန်တယ်၊ သို့ပေမယ့် နောက်ထပ်အကြောင်းတစ်ဝက်က.......အဲ့တုန်းက ကျန့်ယောင်ကလေအလျင်နဲ့ပြေးလာတာကြောင့်လည်းဖြစ်တယ်။ မြင်ကွင်းက အံ့သြစရာကောင်းလွန်းလို့ သူနေရာမှာတင် ကြောင်အနေပြီး ပြန်ထ,ရပ်ဖို့အတွက်မေ့သွားတာလည်းပါတယ်။

ထိုအကြောင်းအရင်းကိုတော့ သူထုတ်မပြောတော့။

နှစ်တိုင်းနှစ်တိုင်းအားကစားပွဲတိုင်းမှာ ထိခိုက်မှုတွေကတော့ ရှောင်လွှဲမရအောင်ဖြစ်ကြစမြဲပင်။ ကျောင်းဆေးခန်းဆရာဝန်မှာ ဆေးပညာအတွေ့အကြုံပေါများသည်ကြောင့် ပြောပြချက်ကိုနားထောင်ပြီးသည်နှင့် ဘယ်လိုဆေးပေးရမည်ဆိုတာ သူမသဘောပေါက်သွားလေသည်။ နောက်တော့ ''ခနလောက်စောင့်''ဟု ဆိုကာ ပိုးသတ်ဆေးတွေယူဖို့ စတိုခန်းထဲကို၀င်သွားတော့သည်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now