Chapter - 55

8.1K 1.7K 113
                                    

ရင်းချဲယ် နိုးလာတော့ အခန်းအပြင်က ကောင်းကင်ယံမှာ မတိုင်ခင်ကအတိုင်း မှောင်မည်းနေဆဲပင်။

ရှုပ်ပွပြီး ရင်းနှီးနေဟန် အပြင်ဆင်တွေက ကျန့်ယောင်အခန်းထဲက အိပ်ယာပေါ်မှာလှဲနေကြောင်း ဖော်ပြလေတယ်၊ သို့ပေသည့် အိပ်ယာဘေးက လူကတော့ ကျန့်ယောင်ဟုတ်မနေ။

“ကောနိုးပြီလား၊ အာ့ဆို ငါသွားပြီ”
ရင်းဇယ် ထရပ်သည်။

ရင်းချဲယ် သူ့ကိုလှမ်းတားလိုက်ပြီး :
“ကျန့်ယောင်ကရော?”

“မျက်လုံးပွင့်လာတာနဲ့ တစ်ပြိုင်နက် သူ့အကြောင်းမေးတော့တာပဲ၊ ဘာလဲ ငါ့ကိုလေထက်ပိုမမြင်တာလား?”
ထုံးစံအတိုင်း ရင်းဇယ်ကတော့ ဒေါသတွေနဲ့ လောင်ကျွမ်းလျက်ပေါ့။
“တစ်ယောက်နဲ့တစ်ယောက် သိတာမှ နှစ်ဝက်လောက်ပဲရှိသေးတယ်၊ ရောဂါအကြောင်းရော လျှပ်စစ်ကြောက်တတ်တာကအစ သူ့ကိုအကုန်ပြောပြပြီးနေပြီပဲ၊ လျှပ်စစ်ကြောက်ကြောင်း ငါတောင်မသိရဘူး၊ င့ါကျ ဘာလို့ပြောမပြရတာလဲ? အပြင်လူထက်စာရင် ကောရဲ့ညီအရင်းကို ဖွင့်ဟပြောပြသင့်တာ မဟုတ်ဘူးလား?”

ရင်းချဲယ်က နဖူးကိုလက်တစ်ဖက်နဲ့ထောက်ထားရင်း :
“အဲ့ဒီအကြောင်း ငါတို့နောက်မှပြောလို့ရမလား?”

“နောက်မှ နောက်မှနဲ့ အမြဲတမ်း ‘နောက်မှ’ချည်းပဲ၊ မင်းကျန်တဲ့သက်တမ်းတစ်ခုလုံး ပြောပြမှာမဟုတ်ဘူးဆိုတာ ငါသိတယ်”

ရင်းချဲယ် အလန့်တကြားနဲ့ လှမ်းကြည့်မိတယ်။

ရင်းဇယ်က လှည့်ကာ တံခါးဆီကိုလျှောက်သွားသည်။
“ရဲတိုင်ပြီး ဟိုကောင်တွေကို ရဲစခန်းသွားပို့တယ်၊ နှစ်နာရီလောက်ရှိနေပြီဆိုတော့ ခနနေပြန်ရောက်လောက်ပြီ”

ရင်းချဲယ် ကြောင်နေရာက ပြန်အသိဝင်လာပြီး :
“အော် အင်းပါ ကျေးဇူး၊ ပြန်နားလိုက်ဦး”

ရင်းဇယ် တံခါးဖွင့်သည်၊ နောက် တံခါးဘုကိုကိုင်ရင်းပဲ ရပ်သွားကာ ပြန်လှည့်ကြည့်လာသည်။
“ကော ငါမင်းကို အကိုတစ်ယောက်လို ဘာလို့မဆက်ဆံလဲ သိလား?”

“ဘာလို့ဆို မင်းက ငါ့ကို ညီတစ်ယောက်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့လို့ပဲ”

Pay Attention To Me [Myanmar Translation]Where stories live. Discover now