Chapter - 80

9.9K 1.6K 78
                                    

မိုးကတစ်ညလုံးပဲ ရွာတယ်၊ ပြတင်းပေါက်ကို တဖြောက်ဖြောက် တပေါက်ပေါက်နဲ့ လာရိုက်ခတ်ပြီး အရမ်းကြီးသည်းထန်နေတာတော့ မဟုတ်ပဲ မနက်စောစောလောက်မှာ တိတ်သွားတယ်။ အခန်းထဲက အပူရှိန်တွေ အနံ့အသက်တွေအကုန် ရှင်းလင်းပျောက်ကွယ်သွားတယ်။

သုံးရက်ဆိုတဲ့ကာလက တိုတောင်းလှတယ်၊ သူတို့အုပ်စုလည်း luggageကိုယ်စီဆွဲပြီး အောက်ထပ်ကိုဆင်းလာခဲ့ရတယ်၊ မသိရင်ခုမှ စရောက်တဲ့အတိုင်းပဲ။

ကားငှားမယ်အပြင်မှာပဲ ဧည့်ခန်းထဲက ရုတ်တရက်ထအော်လာတဲ့ ကြွက်တူရွေး။
''မင်းကို ချစ်တယ်! မင်းကိုချစ်တယ်!"

ရင်းချဲယ်ရဲ့ ခြေလှမ်းတွေတိခနဲ ရပ်သွားပြီး ကျန့်ယောင်ဆီ စူးစူးရဲရဲလှမ်းကြည့်တယ်။

ထိုကိစ္စနဲ့ လွတ်လွတ်ကျွတ်ကျွတ် ကင်းကင်းရှင်းရှင်းဖြစ်တဲ့ ကျိုးဟောက်လျန်ကတော့ ဘာမှအတွေးများ‌မနေပဲ ပြောလိုက်တယ်။
''မင်းတို့ထဲက ဘယ်သူပြောတာလဲ? တာ့ရှုန်း မင်းမလား?"

ဒီထဲမှာ ကောကျစ်ရှုန်းတစ်ယောက်ပဲ ကောင်မလေးရှိသူမို့ သူက သံသယဖြစ်ဖွယ်အများဆုံးပင်၊ ကောကျစ်ရှုန်းက မဆိုင်းမတွ ထငြင်းရှာတယ်။
''ငါမဟုတ်ပါဘူး၊ ငါက မနေ့က werewolfဂိမ်းဆော့ပြီးပြီးချင်း အခန်းထဲတန်းပြန်တာ၊ တစ်ခါမှကို ပြန်ဆင်းမလာမိဘူး"

''အဲ့ဒါဆို ဘယ်သူဖြစ်နိုင်မလဲ?"

ရင်းချဲယ် တိတ်တိတ်ကလေး လက်သီးသာဆုပ်ထားလိုက်မိတယ်။

.
မနေ့ညကပေါ့၊ သူဗိုက်ဆာလို့ဆိုပြီး ကျန့်ယောင်၀ယ်ပေးထားတဲ့ ဒင်မ်ဆမ် ဆင်းနွှေးတာ။ ပြီးတော့ နှစ်ယောက်သား အဲ့ဧည့်ခန်းထဲက ဆိုဖာပေါ်မှာတင် ထိုင်ပြီး စားခဲ့ကြတယ်။

သတ္တိတွေလွန်ကဲနေတာကြောင့် အဲ့လိုထင်းထင်းလင်းလင်း ကျယ်ကျယ်လွင့်လွင့်အခန်းထဲမှာ သူတို့ကို စူးစူးစိုက်စိုက် အာရုံစိုက်ကြည့်နေတဲ့ ငှက်တစ်ကောင်ရှိနေတဲ့ကြားက ကျန့်ယောင်ဟာ သူ့မျက်နှာကိုအုပ်ကိုင်ပြီး သူ့နှုတ်ခမ်းထောင့်မှာ ပေနေတဲ့ ၀က်သားကင်အစအန‌တွေအကုန် သရပ်ပစ်တယ်၊ ဘာနဲ့လဲဆို သူ့နှုတ်ခမ်းနဲ့။

Pay Attention To Me [Myanmar Translation]Where stories live. Discover now