နွေရာသီပိတ်ရက်စစချင်းမှာတော့ First Highလို ဟိုက်ပါတွေ စုစည်းရာကျောင်းမှာတောင်မှ အစောပိုင်းရက်တွေ ကျူရှင်ကြိုတက်တဲ့ကျောင်းသား သိပ်မရှိပေ။
ဒီရက်ပိုင်းတွေမှာ group chatကလည်း အရမ်းကို တက်ကြွလျက်ရှိပြီး အကြောင်းရာက ဂိမ်းအကြောင်းကနေ donghwa seriesကို ဝေဖန်တဲ့အကြောင်းတွေအထိ ရောက်တတ်တယ်။ တစ်ပတ်လောက်လည်းကြာပြီးရော အကြိုကျူရှင်တွေအကြောင်း အတင်းတုပ်တဲ့ဆီ ရောက်သွားတယ်။
ကျန်းခဲ့ : [ငါ့အမေအပ်ပေးတဲ့ ကျူရှင်ကလည်းကွာ သောက်ကျိုးနည်းအောင်ကို ဝေးတာ၊ ရထားနှစ်ခါတောင်ပြောင်းစီးရတဲ့အပြင် ပူလိုက်တာလည်း သောက်သောက်လဲ]
ကောကျစ်ရှုန်း : [မင်းက private tutorရှာရမှာ၊ သူတို့ဘာသူတို့ မင်းအိမ်လာပြီး one-by-oneသင်ရမှာ မိုက်တယ်]
ကျန်းခဲ့ : [ငါက ငါ့အမေကို အဲ့အကြောင်းပြောမကြည့်ခဲ့ဘူးလို့များ မင်းထင်နေလား? သူကပြောတယ် အိမ်လိုက်သင်တဲ့ဆရာတွေက မကောင်းဘူးတဲ့၊ အသင်အပြသာကောင်းတယ်ဆို ဘယ်လောက်ပဲဝေးဝေး တန်တယ်တဲ့၊ သူ သွားရတာကျလို့၊ ဒုက္ခခံရတဲ့လူက ငါပါဟ!]
ကျန့်ယောင် : [မင်းအမေ ပြောတာမှန်တယ်၊ သွားရတာပင်ပန်းလည်း တန်တယ်လေ]
ကျန်းခဲ့က အံ့ဩသွားသည်။
[ယောင်ကော, မင်းလည်း ကျူရှင်တက်တာပဲလား??]ကောကျစ်ရှုန်း : [ငလူး၊ တစ်ကျောင်းလုံး ပထမတောင် ရနေပြီကို၊ ထပ်ပြီး ဘာလိုချင်နေသေးတာလဲ??]
ဟန်မုန့်ကတော့ အကဲအပိုဆုံး တုံ့ပြန်တာပေါ့။
[သေစမ်း! လက်စသတ်တော့ မင်းက အပေါ်ယံမှာ ပေါ့ပေါ့ပါးပါး အလွယ်တကူရနေသလိုနဲ့ ကြိတ်လုပ်တဲ့ ကောင်မှန်း ငါအခုသိလိုက်ရတာပဲ!]ခါတိုင်း စကားမများတတ်တဲ့ ရန်းရီလဲ့တောင် ပေါ်လာတယ်။
[မင်းက တအားကြိုးစားတာပဲ.....မင်းဆီက အတုယူရမယ်]ကျန့်ယောင် : [....ငါက ဟိုဘက်ကနေ ပြောပေးရုံလေးပဲလေကွာ]
အဲ့တာပို့ပြီးပြီးချင်းပဲ private chatက မက်ဆေ့တစ်စောင်တက်လာတယ်။
[ပင်ပန်းနေတာလား?]ကျန့်ယောင်မှာ ဖုန်းပင် လွတ်ကျမတတ်ဖြစ်သွားတယ်။ ခေါင်းထဲမှာ အချက်ပေးသံတွေ မြည်လာပြီး အမြန်ပြန်ဖြေလိုက်ရတယ်။
[မပင်ပန်းပါဘူး မပင်ပန်းဘူး၊ နည်းနည်းမှကို မပင်ပန်းဘူး၊ နေ့တိုင်း မင်းဆီလာတွေ့ရဖို့ကိုပဲ မစောင့်နိုင်ဖြစ်နေတာ]
YOU ARE READING
Pay Attention To Me [Myanmar Translation]
RandomType - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (completed) Sequel novel of Short Story Of ShaoWang!! Give all credit to original author and eng translators...