Chapter - 14

9.6K 1.7K 70
                                    

ရန်းရီလဲ့စကားကြားပြီးနောက် ရှော့ခ်အရသွားဆုံးသူမှာ ကျန်းကျောင့်ကျူးပင်။
''ဘယ်သူ? ထန်ရှရှလား? ရန်းရီလဲ့ မင်းမှန်မှန်ကန်ကန်မှတ်မိတယ်ဆိုတာ သေချာရဲ့လား?"

ရန်းရီလဲ့က ခေါင်းငြိမ့်ပြလို့ :
''ဟုတ်၊ ကျနော်အမှတ်မမှားဘူးဆိုတာ သေချာပါတယ် ကျန်းလောင်ရှီး ကျနော်ရှင်းရှင်းလင်းလင်းကြီးမှတ်မိပါတယ်၊ အဲ့ချိန်တုန်းက ကျနော်ကြောက်လန့်ပြီး လှုပ်တောင်မလှုပ်ရဲလို့ အဲ့နားမှာပဲထိုင်ငိုနေခဲ့တာ.......အဲ့နောက် ထန်ရှရှရောက်လာပြီး 'ဘာဖြစ်တာလဲ'ဆိုပြီးမေးတယ်၊ ကျနော်လည်း သူ့ကိုမစိုးရိမ်စေချင်တာနဲ့ ဘာမှမဟုတ်ဘူးပြောလိုက်တာ၊ အဲ့‌နောက်တော့ သူကဖုန်းခေါ်ပေးပြီး အမေလာကြိုတဲ့အထိကျနော်နဲ့စောင့်ပေးပြီးနောက် လမ်းခွဲခဲ့ကြတာပဲ......''

ကျန်းကျောင့်ကျူး : ''အဲ့လိုသာဆို ကြားရတာတော့ သူမက မင်းအပေါ်အတော်လေးကောင်းပုံပါပဲ၊ နားလည်မှုလွဲတာတွေများရှိနေမလား?"

ရင်းချဲယ်မှာ နှာမှုတ်လိုက်သည်။

ကျန်းကျောင့်ကျူးက သူနှာမှုတ်သည်ကိုကြားတော့ မေးလာသည်။
''ရင်းချဲယ်၊ မင်းမှာပြောစရာတစ်ခုခုများရှိလို့လား?"

''Mhm''
ရင်းချဲယ်က ဘေးဘီကိုမကြည့်ပဲ ကျန်ယောင်ဆီသို့တည့်တည့်ကြည့်လာပြီး မေးဆတ်ပြကာ :
''ကျန့်ယောင်"

သူ့အသံအနေအထားမှာ ညင်သာနေပေသည့် မာန်ပါပါနှင့် တစ်ခန်းလုံးကိုလွှမ်းခြုံသွားတယ်၊ အခန်းထဲမှ လူကြီးများမှာလည်း သူ့ဆီကို ကြည့်လာကာ နောက်ဆက်ပြောလာမည့်အရာကို ကြားချင်နေကြသည်။

''အဲ့နေ့က မင်းပြောခဲ့တာလေ၊ အဲ့ဒီအတိုင်းကျန်းလောင်ရှီးကို ပြန်ပြောပြလိုက်"

ကျန့်ယောင် : ''ငါကတစ်နေ့ကို စကားအခွန်းပေါင်းရှစ်ရာလောက်ပြောနေတာလေ၊ မင်းဘယ်တစ်ခုပြောတာလဲ?"

အားလုံး ''.....''

စကားဝိုင်းတစ်ခုလုံးမှာ ပျက်စီးကြေမွသွား။

ရင်းချဲယ်မှာ အံကြိတ်ရင်း :
''အဲ့နေ့တုန်းက ကန်တင်းအပြင်မှာ၊ ထန်ရှရှပြောတာမင်းကြားခဲ့တဲ့ဟာ"

Pay Attention To Me [Myanmar Translation]Where stories live. Discover now