ဒီဇင်ဘာနောက်ဆုံးပတ်တွင်တော့ အတန်းတိုင်းက ကျောင်းသားတွေဟာ စာသင်ဖို့စိတ်မပါကြတော့ပဲ အတန်းအားချိန်တိုင်း နှစ်သစ်ကူးပွဲတော်အတွက်သာပြင်ဆင်နေကြတော့သည်။
သူ့အစီစဥ်ကို အတန်းထဲက တစ်ယောက်မှ လက်မခံသည်ကိုမြင်တော့ ဟန်မုန့်က ချဥ်းကပ်နည်းပြောင်းလိုက်သည်၊ နဂိုပလန်ကို နည်းနည်းလေးသွေတိမ်းမှုပြုလိုက်ပြီး လောင်ဝူဆီကို တိတ်တိတ်ကလေး ခိုးသွားခဲ့သည်။ ဟန်မုန့်ရဲ့ပလန်ကို ဖတ်ပြီးတဲ့ ဝူကောကျုံသည်တော့ အတော်လေး သဘောကျသွားပြီး အလွယ်တကူသဘောတူလက်ခံလိုက်သည်။
‘’ကောင်းပြီ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့’’ဤသို့နှင့် တနင်္လာနေ့မနက်ခင်းစာဖတ်ချိန်တွင် အတန်းရဲ့activity ကိုဝူကောကျုံက ကြေညာလေတော့သည်။
ကောကျစ်ရှုန်းကတော့ ကြိတ်မနိုင်ခဲမရ “အား!”ဆိုပြီး မြည်မြည်တမ်းတမ်းအော်ဟစ်မိသည်၊ သူတကယ် ဒေါသထွက်လွန်းလို့ လဲသေတော့မှာပဲ။
‘’ကျောင်းသားတို့ ဟန်မုန့် ပလန်လေးက အတော်လေးကောင်းရှာပါတယ်၊ theme ကလည်းထင်ရှားတယ် ဆန်းသစ်တဲ့နှိုင်းယှဥ်ချက်လေးတွေနဲ့၊ အခြေအမြစ်လည်းရှိတယ်၊ဒီ activityလေးပဲ လုပ်ကြရအောင်၊ ဒီကနေမှ လူအတော်များများရဲ့ ခွဲခြားမြင်တဲ့အမြင်တွေ၊ genderခွဲခြားမှု အယူဆွဲတွေ...စသဖြင့်ပေါ့ ခဝါချနိုင်ဖို့မျှော်လင့်တယ်၊ ဟန်မုန့်က သေသေချာချာလေး ရင့်ရင့်ကျက်ကျက်နဲ့ဒီအတွေးလေးကို ဖော်ထားတာပဲ”
ချန်ရင်းရင်းက အသံတိတ်ရေရွတ်သည်။
‘’သူ့ခေါင်းထဲမှာရှိတဲ့အတွေးကဖြင့် အဲ့ဒါဝတ်ချင်နေတာတစ်ခုတည်းရယ်!”ကျန်းခဲ့ကလည်း အသံတိူးတိုးနှင့် :
‘‘လောင်ဝူလူရိုးကြီးကတော့ မလှိမ့်တပတ်ကောင် ရှောင်ဟန့်ဆီမှာ အလိမ်ခံလိုက်ရပြီ!”‘’ဒါ့အပြင် ငါတို့အတန်းထဲ လတ်တလောလေးကဖြစ်ရပ်တွေနဲ့ပေါင်းကြည့်မယ်ဆိုရင်လည်း ဒါက အရမ်းအသိပညာတိုးမယ်လို့ ငါထင်တယ်၊ ငါးရက်ကျန်သေးတာဆိုတော့ အတတ်နိုင်ဆုံး ပြင်ဆင်ကြရအောင်”
လောင်ဝူ ပြောချင်သည့် ‘လတ်တလောဖြစ်ရပ်’ဆိုသည့်အကြောင်းကို အားလုံးကနားလည်လိုက်ကြတယ်၊ ချက်ချင်းဆိုသလိုပဲ သူတို့ရင်ထဲမှာ ဖြောင့်မတ်မှန်ကန်တဲ့စိတ်ဓာတ်တွေပြည့်ဝလာကာ လောင်ဝူပြောတာမှန်တယ်လို့လည်းခံစားလာရတယ်။
YOU ARE READING
Pay Attention To Me [Myanmar Translation]
RandomType - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (completed) Sequel novel of Short Story Of ShaoWang!! Give all credit to original author and eng translators...