''မင်းထင်ရာမြင်ရာလျှောက်ပြောနေမှန်း ငါသိသားပဲ"
ရင်းဇယ် သက်ပြင်းတစ်ချက်ချမိသည်။
''မင်းလည်း ငါ့လိုပဲအမှန်တရားကို ရင်ဆိုင်နိုင်ဖို့လိုတယ်၊ ငါ့ကောက beta ဇွတ်အတင်း omegaဖြစ်ခိုင်းမနေနဲ့"''အွန်ဟွန်း ငါသိပါတယ်"
''ပြီးတော့ pheromoneနံ့မရဘူးဆိုတာနဲ့ပဲ သူ့ကိုလိမ်မယ်စိတ်မကူးနဲ့"
ရင်းဇယ်က သူ့ကော်လံစကိုဆွဲဆုပ်ကာ :
''သူ့ကိုစိတ်ညစ်အောင်လုပ်လို့ကတော့ မင်းကိုအသေသတ်မှာ"ကျန့်ယောင်ကတော့ ပြုံးပြုံးလေးနှင့် : ''မင်းကို ဆရာလုပ်ခွင့်ပြုပေးတယ်"
ရင်းဇယ်က နှာခေါင်းတစ်ချက်ရှုံ့လို့ ကော်လံကိုဆွဲထားရာကနေလွှတ်ပေးတယ်။ လှည့်ထွက်သွားပြီး လှေကားအရောက်မှာတစ်ချက်ရပ်သွားပြီး :
''နောက်တစ်ခုရှိသေးတယ်"''ဟမ်?"
''ပိုင်ယွိဝေနားကို ထပ်မကပ်နဲ့၊ မဟုတ်ရင်လည်း မင်းအသေပဲ"
ကျန့်ယောင်မှာ ပြန်ပြီးလှောင်ပြောင်စကားမဆိုလိုက်ရသေးခင်ပင် တံခါးက *ဒုန်း!*ကနဲပိတ်သွားတော့သည်။
...
အခန်းထဲပြန်ရောက်တော့ ရင်းချဲယ်က ခေါင်းအုံးလေးကိုတင်ထားပြီး အခန်းထဲမှာတိတ်တိတ်ကလေးထိုင်စောင့်နေလေရဲ့။
တစ်အိပ်ယာတည်းထက်မှာ ဖျစ်ညှစ်နေရာယူထားတဲ့ ခေါင်းအုံးလေးနှစ်လုံးကိုကြည့်ကာ ကျန့်ယောင်က အပြုံးနဲ့ဆိုတယ်။
''ငါ့ကို ကြမ်းပြင်ပေါ်မအိပ်ခိုင်းတော့ဘူးပေါ့လေ?"''မင်းအိပ်ချင်နေရင်တော့ အောက်မှာပဲအိပ်ပေါ့"
''ဟားဟား၊ မဟုတ်တာ"
ကျန့်ယောင် သူ့ဘေးမှာ၀င်ထိုင်ပြီး ဆံပင်တွေကိုဖွလိုက်သည်။
''စိတ်ချပါ၊ ငါကိုယ့်ကိုယ်ကို ထိန်းနိုင်ပါတယ်"ရင်းချဲယ်အောက်နှုတ်ခမ်းလေးကို ကိုက်ထားရင်း :
''ငါ့မွေးနေ့က နှစ်လလိုသေးတယ် "''အွန်း သိတယ်လေ၊ ဘာဖြစ်လို့လဲ?"
''နောက်နှစ်ပတ်အတွင်းကို ကုရဖို့အကောင်းဆုံးကြိုးစားမှာမို့၊ မင်းကစောင့်နေ"
ŞİMDİ OKUDUĞUN
Pay Attention To Me [Myanmar Translation]
RastgeleType - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (completed) Sequel novel of Short Story Of ShaoWang!! Give all credit to original author and eng translators...