Chapter - 26

8.4K 1.7K 74
                                    

ထုံးစံအတိုင်း တနင်္လာနေ့ရဲ့ ပထမဆုံးအတန်းချိန်မှာ တရုတ်စာပေဘာသာရပ်။ 

အတန်းထဲကို ဝူကောကျုံက ဖတ်စာအုပ်လေးတစ်အုပ်သာကိုင်ပြီး ၀င်လာသည်မို့ အဖြေလွှာတွေစစ်မပြီးသေးတာတွေ့တော့ ရက်နည်းနည်းလောက်ထပ်ပြီးရှင်သန်လို့ရသေးတာ်ဆိုပြီး တစ်တန်းလုံးမှာ မီးရှူးမီးပန်းဖောက်လို့တောင် ပျော်ပွဲကျင်းပလိုက်ချင်သေးသည်။

‘’သိပ်လည်း ပျော်‌မနေကြနဲ့၊ တစ်ဝက်ပဲစစ်ပြီးတယ်ဆိုပေမယ့် ငါအကြမ်းဖျင်းကြည့်ထားတာရှိတယ်၊ တစ်တန်းလုံး အလွတ်ဖြေအပိုင်းမှာတော်တော်လေးဆိုးတယ်၊ ဘာဖြစ်ကြတာလဲ? မင်းတို့ ပုံမှန်ဆိုစာသေချာမကျက်ကြဘူးမလား?’’
ဝူကောကျုံမှာ နဂိုရှိရင်းစွဲအသံထက်ပင် မြှင့်ပြောလိုက်သည်ကြောင့် တစ်ခန်းလုံးမှာသူ့အသံများသာ ဟိန်းထွက်နေတော့သည်။
‘’အမှတ်တွေထွက်လာလို့ အလွတ်ဖြေအပိုင်းမှာအမှတ်ပြည့်မရဘူးဆိုရင်တော့ ဟိုးနှစ်အစပိုင်းက သင်ထားတာကစပြီး အကုန်သုံးခေါက်စီကူးပြီး ငါ့ဆီလာထပ်ကြ”

စာသင်ခန်းမှာ ချက်ချင်း မချိတင်ကဲညီးတွားသံများနှင့် ပြည့်နှက်သွားတော့သည်။

စိတ်ဓာတ်ကျစွာနှင့် ကျန့်ယောင်ကပြောသည်။
‘’F*ck ဒီလိုမှန်းသိရင် အလွတ်ဖြေကိုပိုပြီးသေသေချာချာဖြေခဲ့ပါတယ်”

ရင်းချဲယ်က သူ့ကိုတစ်ချက်ကြည့်ကာ
‘’ပိုပြီးသေချာဖြေတော့လဲ ဘာများထူးခြားမှာမို့လို့လဲ? မင်းမှတ်ဉာဏ်ထဲမှာမှ မရှိရင် မရဘူးပဲ”

‘’.......’’ကျန့်ယောင်က မကျေမနပ်ပြောလာသည်။
‘’အဲ့ဒါဟုတ်တယ်၊ မင်းပြောတာ လုံးဝကိုမှန်တယ်၊ ငါ့အဆင့်နဲ့က ဘယ်လိုလုပ်ကိုမှန်အောင်ဖြေနိုင်ပါ့မလဲ’’

‘’မင်းအားစိုက်ပြီး ထပ်ခါတလဲလဲကျက်ရင်တော့ မှတ်နိုင်ပါတယ်”
ရင်းချဲယ်က သူ့ကိုမျှော်လင့်ချက်အရိပ်ယောင်လေးပေးလိုက်ပြီးနောက် ဖတ်စာအုပ်ကိုဖွင့်ကာလောင်ဝူပြောလိုက်သည့်စာမျက်နှာကိုလှန်လိုက်သည်။
‘’မင်းတကယ်တိုးတက်ချင်ရင် ပိုပြီးများများကျက်မှတ်ပေါ့’’

Pay Attention To Me [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon