Chapter - 56

8.5K 1.7K 53
                                    

အခန်းထဲတွင်တော့ :

ရင်းချဲယ်နိုးလာပြီး ဘယ်လိုမှပြန်အိပ်မရတော့တာမို့ အတွေးများရင်းသာ လှဲလျောင်းနေလိုက်သည်။

ခုနလေးက ရင်းဇယ်ပြောသွားတာတွေက မမှန်တာတော့မဟုတ်။ ဒီနှစ်တွေအားလုံး သူက တကယ်ပဲ ရင်းဇယ်ကို ယုံကြည်အားကိုးပေးခဲ့တာမှမဟုတ်ပဲ၊ အမုန်းခံရတာ ဖြစ်သင့်ပါတယ်။

ဒါပေမယ့်.. အကယ်၍များ ငါကုသလို့မရခဲ့ရင်...မုန်းရတဲ့ကောကောတစ်ယောက်ကိုဆုံးရှုံးရတာ ချစ်ရတဲ့ကောကောကို ဆုံးရှုံးရတာထက်တော့ ကောင်းပါသေးတယ်

‌နောက်မှပဲ စကားအေးဆေးပြောကြည့်ကြတာပေါ့၊ ခု‌ကတော့ သူစိတ်မငြိမ်သေးဘူး။

အဲ့ဒီအစား တစ်စုံတစ်ယောက်ကိုပဲ သူတွေ့ချင်နေတယ်။

ရင်းချဲယ် ဖုန်းကအချိန်ကိုတစ်ချက်ကြည့်ဖို့ လှည့်လိုက်တော့ အိပ်ယာပေါ်က ကျောင်းယူနီဖောင်းဂျာကင်တစ်ထည်ကို တွေ့လိုက်ရတယ်။

ပိုင်ရှင်ဖြစ်သူက လုံးချေထားပြီး အိပ်ယာထောင့်နားကို ပစ်ထားတာ။

ကျန့်ယောင်ဆိုတာ ဘယ်တော့မှ အိပ်ယာမရှင်းပေ၊ ဒါကြောင့်လည်း အပတ်တိုင်းအပတ်တိုင်း တစ်တန်းလုံးထဲမှာ သူ့ရဲ့အဆောင်ရမှတ်တွေက အနိမ့်ဆုံးဖြစ်နေတာ။ လောင်ဝူကလည်း သူ့ကိုခနတိုင်းသြဝါဒတွေပို့ချပေမယ့် သူကတော့ ဒုံရင်းကဒုံရင်းပဲ။

ရင်းချဲယ် ထိုဂျာကင်ကိုကြည့်လိုက်သည်။

အပြင်ကလျှောက်လမ်းမှာ ဘာခြေသံမှမကြားရတာ‌သေချာမှ ဂျာကင်ကိုကောက်ယူကာ မျက်နှာနှစ်လို့ ပြင်းပြင်းပျပျရှူရှိုက်လိုက်သည်။

အဝတ်လျှော်ဆပ်ပြာနံ့ သင်းသင်းကလွဲရင် တခြားဘာအနံ့မှမရပေ။

တစ်လကျော်ကြာကုသမှုပြီးတဲ့နောက်ထိလည်း ဘာရလဒ်မှမရှိလာသေးဘူး။

ထိုအချိန်မှာပဲ တံခါးအပြင်က ‌ခြေသံတွေထွက်လာသည်။

ရင်းချဲယ် ချက်ချင်းဂျာကင်ကို‌ အစွန်နားပစ်ထားလိုက်သည်။

ကျန့်ယောင်က တံခါးဖွင့်ကာ ဝင်လာသည်။
“နိုးပြီလား? ခုနလေးက သေတော့မလိုပဲ လန့်သွားတာ၊ မင်းတကယ်ကို ရှောင်ရကောင်းမှန်းမသိတာလား?’’

Pay Attention To Me [Myanmar Translation]Wo Geschichten leben. Entdecke jetzt