Chapter - 35

9K 1.9K 173
                                    

ရင်းအိမ်တော်ကိုပြန်ရောက်ချိန်တွင်တော့ ချောင်ဝမ့်ယွင်က နှစ်သစ်ကူးညစာစားပွဲအတွက် အစေခံတွေကို စားပွဲဝိုင်းအပြည့်ပြင်ဆင်ခိုင်းပြီးဖြစ်ကာ ရင်းချွမ့်ထိုင်ကလည်း ရှားရှားပါးပါး အိမ်ကိုစောစောပြန်ရောက်နေပြီ။ သူတို့မိသားစုဟာ ဒီလိုရိုးရာအစဥ်အလာပွဲတော်တွေဆို အမြဲအလေးထားလေ့ရှိသည်။ 

ချောင်ဝမ့်ယွင်က ဖက်ထုပ်ကို သူမကိုယ်တိုင်လုပ်လေ့ရှိသည်။ သူမက အိမ်မှုကိစ္စတွေလုပ်လေ့လုပ်ထမရှိသော်ငြားလည်း ဖက်ထုပ်ကတော့ ပုံလှပန်းလှလေးနဲ့ အရမ်းအရသာရှိသည်၊ ဒါ့ကြောင့် ရင်းချွမ့်ထိုင်ကိုယ်တိုင်တောင် တစ်ပန်းကန်လုံးအကုန်စားဖြစ်သည်။
‘’နောက်ခါကျ ဒီလိုအလုပ်မျိုးတွေ အိမ်အကူတွေပဲ လုပ်ခိုင်းလိုက်ပါ၊ ကိုယ့်ကိုယ်ကိုအပင်ပန်းမခံပါနဲ့”

ချောင်ဝမ့်ယွင်က ရယ်သွမ်းရင်း :
‘’ဖက်ထုပ်လေးနည်းနည်းပါးပါးလုပ်ရုံကို ဘာပင်ပန်းစရာရှိတာကျလို့ရှင်”

ထိုစားစရာတွေအားလုံးကို သူတို့လေးယောက်တည်းနှင့်စားကုန်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်၊ စားစရာတစ်ခုစီကို နည်းနည်းလေးနှိုက်တာနဲ့ကို ဗိုက်ကပြည့်နေပြီ။ ရင်းဇယ်ကတော့ ‘’ကျွန်တော်အပေါ်တက်တော့မယ်”ဆိုသည့် စကားနှင့် ထမင်းစားပွဲက ပထမဆုံးထသွားကာ သူ့အခန်းသူပြန်၍ အခန်းတံခါးကိုလည်း တင်းတင်းကျပ်ကျပ်ပိတ်သွားသည်။

ညီအကိုနှစ်ယောက်က ဒီနေ့တော့ စကားမများကြတာမို့ ချောင်ဝမ့်ယွင်မှာ အတော်ကြီးစိတ်ကျေနပ်လျက်ရှိသည်။
‘’ကလန်ကဆန်လုပ်တတ်တဲ့ အချိန်လေးမို့လို့ပါ၊ နှစ်နှစ်သုံးနှစ်နေပြီးရင် သူလည်းသိတတ်လာပါလိမ့်မယ် အာ့ကြောင့် ရှောင်ချဲယ်က သူနဲ့ငြင်းခုန်မနေနဲ့နော်”

သူမသားအကြီးက ဘယ်တော့မှ မငြင်းခုံတတ်ဘူးဆိုတာသိပေမယ့်လည်း ကလေးတွေ သူမကို တစ်ခုခုဖုံးကွယ်ထားမှာစိုးရိမ်သည်ကြောင့် :
‘’သူတစ်ခုခုလွန်လွန်ကျူးကျူးလုပ်လာရင် မာမားကိုသာပြော၊ မာမားက သားကိုကူပြီး သူ့ကိုဆုံးမပေးမယ်”

‘’ရပါတယ် ကျွန်တော်လည်း စိတ်ထဲမထားပါဘူး”

စားသောက်ပြီးနောက် ရင်းချဲယ် သူမနှင့်အတူ ခနတဖြုတ် tv ကြည့်ပေးပြီး စကားပြောဖြစ်သည်။ အကြောင်းအရာတွေမှာတော့ အသေးအဖွဲအကြောင်းအရာလေးတွေသာ၊ အမျိုးထဲကဘယ်ကလေးက လက်ထပ်သွားပြီတို့၊ လက်ရှိ tv seriesတွေထဲမှာ ဘယ်မင်းသားကတော့ အတော်လေးချောတာတို့၊ ကျောင်းမှာ ဆရာတွေသင်တာတွေသူနားလည်ရဲ့လားတို့ဘာတို့ပေါ့။

Pay Attention To Me [Myanmar Translation]Where stories live. Discover now