Chapter - 84

8.5K 1.5K 62
                                    

အတိုင်ခံရတာများ ထင်တာထက်တောင် စောနေသေးတယ်။

အင်္ဂလိပ်ချိန်တစ်၀က်တစ်ပြက်မှာတင် ကျန်းကျောက်ကျူးရောက်လာပြီး ကျန့်ယောင်ကို ခေါ်ထုတ်သွားတယ်။

အဲ့နောက်တော့ အတန်းအကုန်ဆင်းတဲ့အချိန်ထိတောင် ပြန်ပေါ်မလာတော့ဘူး။

ပြန်ရောက်ချိန် သူ့မျက်နှာ လှမ်းအကဲခတ်ကြည့်တော့လည်း အဆင်ပြေနေပုံရတာနဲ့ ရင်းချဲယ်လည်း များများစားစားမမေးဖြစ်တော့ပေ။

...

ညနေရောက်‌တော့ လူငယ်လေးတွေခမျာ အိမ်စာလည်းပြီး လုပ်စရာလည်းမရှိတော့ သေလောက်အောင်ကို ပျင်းရိနေကြတယ်။

သူတို့ တတိယနှစ်ထဲရောက်ပါပြီဆိုကတည်းက အတော်များများရဲ့ စမတ်ဖုန်းတွေ မိဘတွေဆီမှာ အသိမ်းခံရပြီး ဖုန်း‌ခေါ်မက်ဆေ့ပို့လောက်သာ သုံးလို့ရတဲ့ ပုံတုန်းဖုန်းတွေနဲ့ အလဲခံလိုက်ရတယ်။ စိတ်ဆင်းရဲစရာ ကောင်းလိုက်ပုံများတော့ ပြောမပြတတ်အောင်ပဲ။ ဂိမ်းလည်းမကစားရတော့ အပျော်အပါးလုပ်စရာမရှိတဲ့ ကောင်လေးတွေမယ် ကောင်မလေးတွေအကြောင်း ပြောရုံသာတတ်နိုင်တော့တယ်။

ကျောင်းဖွင့်တာလည်း တစ်လလောက်ရှိပြီမို့ ပထမနှစ်ဂျူနီယာအဆင်လေးတိုင်းလိုလိုရဲ့ အတန်းတွေ နာမည်တွေက ဖော်ထုတ်ပြီးသားဖြစ်နေပြီ။ ဖိုရမ်မှာဆိုလည်း အဲ့ဒီအကြောင်းနဲ့ပက်သက်တဲ့ discussionတွေနဲ့ ပြည့်နေတယ်။

စမတ်ဖုန်းလက်၀ယ်ရှိနေသေးတဲ့ လူနည်းစုထဲက တစ်ဦးဖြစ်တဲ့အလျောက် ကျန်းခဲ့ဟာ အဆောင်မှာဆို လူတွေဝိုင်းအုံလို့။

''ဖာ့ခ် ဒီတစ်‌ယောက်လှတယ်ကွ"

''ဒီတစ်ယောက်လည်း မဆိုးဘူး၊ ငါ့ကို ဘယ်အတန်းကလဲ ရှာပေးကြစမ်းပါ"

''ဒီကောင်မလေးကို ငါအပြင်မှာတွေ့ဖူးတယ် တကယ်လှတာ၊ ယောင်ကော အကဲဖြတ်ကြည့်ပါ့လား?"

ကျန့်ယောင်က စိတ်မပါလက်မပါပြန်‌ဖြေတယ်။
''Mmm......စိတ်မ၀င်စားဘူး၊ မင်းတို့က ဘယ်တော့ကိုယ့်အခန်းကိုယ်ပြန်မှာလဲ?"

''ခုမှရောက်တာကို ယောင်ကောက နှင်ထုတ်နေပြီလား?"

''ဒါ‌ဆိုလည်း ပြီးရော၊ မင်းတို့နေခဲ့၊ ငါဟိုဘက်ခန်းဆီသွားလိုက်ဦးမယ်"

Pay Attention To Me [Myanmar Translation]Where stories live. Discover now