အင်္ဂါနေ့မှာ တစ်နေကုန်မိုးရွာတယ်။
နေ့လည်ခင်းမှာတောင် တိမ်ညိုတိမ်မဲတို့က ကောင်းကင်ကြီးကိုအုပ်စိုးထားပြီး ဆီဆေးပန်းချီစုတ်တံနဲ့ခပ်ကြီးကြီးတစ်ချက်ဆွဲခြစ်ထားသလို မုန်တိုင်းအရောင်မှုန်မှိုင်းမှိုင်းခြယ်သလျက်ရှိတယ်။ တစ်ချက်တစ်ချက် လျှပ်စီးတွေလက်သွားတဲ့အခါ တိမ်စိုင်တွေဟာလင်းခနဲဖြစ်သွားချိန် ခနတဖြုတ် နေကြောင်ကြောင်လိုတောင် ခံစားရစေတယ်။
အတန်းဆင်းပြီးတာတောင် ခေါင်းထောင်မလာပဲ textbookကြီးနဲ့အုပ်ထားတဲ့ ရင်းချဲယ်ကြောင့် ဝူကောကျုံက ဆင့်ခေါ်ရတော့တယ်။
‘‘အရင်တစ်ခေါက်တုန်းက ငါဘာပြောခဲ့လဲ?”
လောင်ဝူက နည်းနည်းတော့စိတ်ဆိုးနေတယ်။
‘‘မင်းအခန်းကပူလို့အိပ်မပျော်ဘူးလို့တော့ ထပ်မပြောနဲ့နော်၊ အဆောင်ကတာ၀န်ရှိသူကပြောတာ မနေ့ကပဲ airconဖွင့်ပေးလိုက်ပြီတဲ့”ရင်းချဲယ်ကမူ ဘာရှင်းပြချက်မှမပေးပဲ သူ့အမှားကိုသာ၀န်ခံတယ်။
‘‘ကျွန်တော် မှားပါတယ်၊ ဝူလောင်ရှစ် ကျွန်တော့်ကို အပြစ်ပေးလို့ရပါတယ်”ဝူကောကျုံက သက်ပြင်းတစ်ချက်ချတယ်။
‘‘အပြစ်ပေးဖို့ပြောနေတာမဟုတ်ဘူး၊ မင်းသင်ခန်းစာကိုမမှီလိုက်မှတော့ အပြစ်ပေးခံရတော့လည်း ဘာအသုံး၀င်မှာလဲ?”သူပြောတာ အရမ်းကိုကျိုးကြောင်းသင့်တယ်၊ သို့ပေမယ့်လည်း နောက်ဆုံးမှာ သူအပြစ်ပေးခံရတာက အပြစ်ပေးခံရတာပါပဲ။
ဝူကောကျုံအတွေးထဲမှာတော့ သူကလှုပ်လှုပ်ရှားရှားမရှိတာကြောင့် ပျင်းရိထိုင်းမှိုင်းနေတယ်ထင်ပြီး နေ့လည်စာနားချိန် တစ်တန်းလုံးရဲ့ရှေ့မှာ ထိုင်ထအခါငါးဆယ်လုပ်ခိုင်းလေတယ်။
ကျောင်းလူဆိုးလေး ပြစ်ဒဏ်ပေးခံရတာဟာ မြင်ရခဲလှတဲ့မြင်ကွင်းလေးမို့ တစ်တန်းလုံးကတော့ ဝိုင်းစနေကြတယ်၊ ‘ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပေါ့ ချဲယ်ကောရယ်’ဆိုပြီး စရင်း ဘေးပတ်လည်မှာဝိုင်းပြီး တဟီးဟီးတဟားဟားနဲ့။
ထိုင်ထအခါငါးဆယ်ဆိုတာ ရင်းချဲယ်အတွက်တော့ အလွယ်လေးပါလို့ သူတို့ကထင်ကြတယ်။ ဘယ်သူကထင်မှာလဲ အခါလေးဆယ်အရောက်မှာပဲ ရင်းချဲယ်က ပုံပျက်သွားပြီး ကြမ်းပြင်ပေါ်ကို 'ဘိုင်း'ခနဲလဲကျလိမ့်မယ်လို့၊ နောက် နှာခေါင်းသွေးတွေလည်း လျှံကျလာသေးတယ်။
YOU ARE READING
Pay Attention To Me [Myanmar Translation]
RandomType - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (completed) Sequel novel of Short Story Of ShaoWang!! Give all credit to original author and eng translators...