Chapter - 38

8.4K 1.7K 120
                                    

ရင်းချဲယ်မှာ ဘယ်လိုတုံ့ပြန်ရမှန်းကို မသိတော့ပေ။

အရင်တစ်ခေါက် လက်ချင်းထိတုန်းကနဲ့မတူတာက ဒီတစ်ခေါက် ကျန့်ယောင်က တမင်တကာ ရည်ရွယ်ပြီး ထိခြင်းဖြစ်သည်။

alphaတစ်ယောက်ရဲ့ အားအင်တွေ မာန်အဟုန်တွေနဲ့ ကျန့်ယောင်ဟာ သူ့နဲ့နောက်ဆုံးသောအကာကွယ်စည်းလေးကို ချိုးဖောက်လေရဲ့။

ရင်းချဲယ်တစ်ယောက် သူ့ကိုယ်သူ ခိုင်ခံ့တယ်လို့တွက်ထားတဲ့ အကာကွယ်တွေမှာ အမှန်တော့ အရမ်းကိုထိခိုက်လွယ်ကြောင်း သိလိုက်ရသည်။ သူ့ထက်သန်မာတဲ့ alphaမှန်သမျှက ဆန္ဒရှိရင်ရှိသလို အလွယ်တကူလေးချိုးဖောက်ပြီး သူ့ကိုထိတွေ့နိုင်တာပဲ။

ဟိုအရင်ဆယ်နှစ်လောက်တုန်းကနဲ့ ဘာမှမကွာခြားခဲ့ပါ‌ပေ။

“ဘာဖြစ်လို့အရမ်းဖြူဖျော့သွားရတာလဲ၊ နေလို့မကောင်းလို့လား?’’
သူ့ပုံစံက မူမမှန်တော့တာမြင်တော့ ကျန့်ယောင်ချက်ချင်းလက်ပြန်ရုတ်လိုက်သည်။

သူ့လုပ်ရပ်တစ်ဝက်မှာပဲ တစ်စုံတစ်ယောက်က လက်ကောက်ဝတ်ကို ဖမ်းဆုပ်လာသည်။

“မင်းဘာလုပ်တာလဲကွ?!”

ကျန့်ယောင်က မြန်မြန်ဆန်ဆန် မတ်တပ်ရပ်ကာ လှည့်ပြီး လက်ကိုပြန်ဆွဲယူလိုက်သည့် ခပ်မြန်မြန်တုံ့ပြန်မှုကြောင့်သာ မဟုတ်ရင် လက်တောင်ကျိုးသွားမလားပဲ။

‘’မင်းကောနဲ့ စကားပြောနေတာလေ၊ ဘာဖြစ်လဲ?”

ရင်းဇယ်မှာ သူ့လက်ထဲကနေ ဘယ်လိုလုပ်ပြီး လွယ်လွယ်ရုန်းထွက်သွားမှန်းနားမလည်နိုင်ဖြစ်ကာ ခနလောက် ကြောင်အန်းနေမိသည်။ ထိုစကားကြားချိန်မှာတော့ စကားမေးပြန်လိုက်သည်။
“စကားပြောတာက လက်ပါရတယ်ပေ့ါလေ?”

ကျန့်ယောင် : “ငါလည်း အဲ့တာက မသင့်တော်ဘူးဆိုတာသိလို့ သူ့ကိုတောင်းပန်မလို့ပဲ၊ ဒါမယ့် မင်းကိစ္စတော့ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား?”

“ဘယ်လိုလုပ်ငါ့ကိစ္စ မဟုတ်ပဲနေရမှာလဲ? ငါက သူ့ရဲ့--”
ရင်းဇယ်မှာ သူကိုယ်တိုင်က ရင်းချဲယ်ရဲ့ညီအဖြစ်အသိအမှတ်မပြုချင်ကြောင်း ပြန်အမှတ်ရသွား၍ စကားလုံးတွေမှာ တစ်၀က်တစ်ပြက်တင်တစ်ဆို့နေတော့သည်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now