Chapter - 64

7.3K 1.4K 54
                                    

ရင်းချဲယ် ခနကြာ တောင့်ခဲသွားတယ်၊ ပြီးမှ အဆောတလျင်ဖုန်းကိုချလိုက်ပြီး ကျန့်ယောင်ကို တွန်းထုတ်လိုက်တယ်။
‘‘မင်းဘယ်လောက်ထိကြားလိုက်လဲ?”

ကျန့်ယောင်မျက်၀န်းတွေက အမူအရာခွဲခြားမရအောင် ရီဝေဝေ၊ အနည်းငယ်လည်းရဲနေတယ်။ alcoholနံ့တွေလည်း ရနေပြီး တအေ့အေ့နဲ့ :
‘‘ဘာလို့အကြာကြီးထွက်သွားရတာလဲ.....ငါက မင်းကိုတအားလွမ်းနေတာ....”

လက်စသတ်တော့ မူးနေတာပဲ

ရင်းချဲယ် စိတ်သက်သာရာရသွားသလို သက်ပြင်းတစ်ချက်ချလိုက်တယ်။ ပြီးမှ သူ့ကိုလက်ကောက်၀တ်ကနေတစ်ဆင့် ပြန်ဆွဲခေါ်လာခဲ့တယ်။
‘‘မင်းကို သောက်နိုင်လိမ့်မယ်ထင်ထားတာ၊ ခုတော့ ဘီယာလေးနှစ်ခွက် သုံးခွက်လောက်နဲ့ မင်းအခြေနေကမဟန်တော့ဘူး”

ကျန့်ယောင်က ရုတ်တရက် စိတ်ဆိုးသွားတယ်။ သူက ရင်းချဲယ်လက်ကိုခါထုတ်ပြီး လက်မောင်းရင်းကကိုင်ကာ အခန်းလွတ်တစ်ခုထဲကို ဆွဲခေါ်သွားတယ်။ နောက် တံခါးကိုပိတ်ပစ်တယ်။

‘‘ငါမသောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ? မင်းကောင်လေးက တအားသောက်နိုင်တာနော်”

‘‘ပြဿနာမရှာနဲ့” 
ရင်းချဲယ် သူ့လက်ချောင်းတွေကိုကြိုးစားပြီး ဖွင့်ပေမယ့် ရွေ့‌ပင်မရွေ့ပေ။ ကျန့်ယောင်လက်တွေက ကြီးသလို အရမ်းလည်းသန်တယ်။ သူ့မှာ မလိုက်ချင်ပါပဲ အားကုန်ပြန်ရုန်းနေရင်းနဲ့မှ ပါသွားရတယ်။ ကျန့်ယောင်က သူ့ကိုဆိုဖာတစ်ခုပေါ်တွန်းချပြီး အပေါ်ကတက်ဖိတယ်။

‘‘ငါမင်းကိုလိုချင်တယ်...”
လေငွေ့ပူပူက လည်ပင်းတည့်တည့်ကို လာရိုက်ခတ်နေတယ်။

အခြေနေက အတော်လေး ကမောက်ကမဆန်တယ်။

ကျန့်ယောင်က ပိုပိုကပ်လာတာကြောင့် နှုတ်ခမ်းက သူ့အသားပေါ်လာထိတဲ့အထိဖြစ်လာတယ်။

ရင်းချဲယ် တစ်ကိုယ်လုံးကို အကြောတွေအမွှေးတွေထောင်ထသွားတယ်။
‘‘အဲ့လိုမလုပ်နဲ့ ငါမရဘူး”

ကျန့်ယောင်က သူ့ကိုမျက်လွှာပင့်ကြည့်တယ်၊ သူ့မျက်၀န်းတွေဟာတော့ မှုန်ရီဝေဝါးစွာ :
‘‘ဘာကိုမရရမှာလဲ...မစမ်းကြည့်ပဲနဲ့ မရဘူးဆိုတာဘယ်လိုလုပ်သိနိုင်မှာလဲ?”

Pay Attention To Me [Myanmar Translation]Where stories live. Discover now