Chapter - 74

9.5K 1.7K 275
                                    

(T/n : တချို့တွေက ကျန့်ယောင်ကို မခံစားရဘူးလို့ထင်နေတယ်၊ ကိုယ်တွေစလာကတည်းက ကျန့်ယောင်ဆိုတာ ရင်းချဲယ်အပေါ် အရိပ်တကြည့်ကြည့်နဲ့ ချစ်အပေးဆုံးလူပါ၊ သူ့ကိုယ်သူ ချစ်နေမှန်းမသိခင်ကတောင် ရင်းချဲယ်ကို အလိုလိုက်ဂရုစိုက်ပေးတာနော်၊ လိမ်တဲ့ကိစ္စကလည်း သူပျော်လို့လိမ်ရတာမှ မဟုတ်တာ၊ အလိမ်ပေါ်အောင်လည်း သူကိုယ်တိုင် တမင်ဖန်တီးယူခဲ့တယ်ဆိုတာ အသိသာကြီး၊ ကိုယ်တော့ယုံတယ်၊ ရင်းချဲယ်လောက်မဟုတ်တောင် သူခံစားခဲ့ရတာက မသေးဘူးဆိုတာ၊ ကျန့်ယောင်ဘက်က ကာပြောပေးနေတာမဟုတ်ပါဘူး၊ ကိုယ့်အမြင်နဲ့ကိုယ် ကိုယ်စီရှိကြတယ်ဆိုပေမယ့်လည်း အထင်လွဲနေကြမှာစိုးလို့၊ ကိုယ်က novelစပြန်ကတည်းက ယုန်ပေါက်လေးကို ချစ်လို့ ပြန်ခဲ့တာပါ၊ ပြန်ပြေလည်ပြီဆိုပေမယ့် ယုန်ပေါက်လေးကလည်း တန်းလက်ခံဦးမှာမဟုတ်ပါဘူး၊ ဒါနဲ့ ရေးဖူးသမျှထဲ ဒီအပိုင်းအရှည်ဆုံးပဲ 🤧)

______

တနင်္လာနေ့ :

တစ်ညလုံး ပျော်ပျော်ပါးပါး လေများနေခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ အပျော်လေးဟာ နောက်မနက်ထိပဲ ခံလိုက်ပါတယ်။

----final examရဲ့ ရလဒ်တွေ ထွက်လာတာကြောင့်ပင်။

စာမေးပွဲတွေဆို ဝူကောကျုံက result listတွေ အရှည်ကြီးလုပ်ရတာ သဘောကျတယ်ထင်ပါ့၊ တစ်ယောက်ချင်းစီရဲ့ ဘာသာရပ်တစ်ခုစီ ရမှတ်တွေ ဘယ်နှစ်က ဘယ်အတန်းက စသဖြင့် အတိအကျ ရှင်းရှင်းလင်းလင်းကို ဖော်ပြထားတာပေါ့။ ထိုခပ်ရှည်ရှည် စာရွက်ပါးလေးကို မြင်ရခြင်းက ကျောင်းသားတချို့အတွက် စိတ်ဆင်းရဲစရာ သတိပေးချက်ကလေး၊ ဆိုက်ရောက်လာတော့မယ့် ပျက်စီးကိန်းကို ကြိုပြောပြနေသလိုပါပဲ။

‘‘ဒီအဆင့်တွေ ထွက်ဖို့အတွက်ကို တစ်ပတ်လုံးလုံး ငါတို့ဆရာတွေအကုန် အနားတောင်မယူပဲ အချိန်ပို‌တွေယူ စစ်ထားရတာ”
အဆင့်စာရွက်တွေ အားလုံးလိုက်ဝေပြီးတော့ ဝူကောကျုံက နာနေတဲ့နောက်ကျောကို လက်သီးဆုပ်နဲ့ ထုရင်း
‘‘စာစစ်ရတာ ခါးတောင်နာတယ်”

ကျန်းခဲ့ : ‘‘လောင်ရှီးတို့ ပင်ပန်းသွားရပြီ ကျေးဇူးတင်ပါတယ်ဗျ! နောက်တစ်ခါဆို အမြန်ကြီး စစ်ပေးစရာမလိုပါဘူး ကျွန်တော်တို့ အကြာကြီး စောင့်နိုင်ပါတယ်!”

Pay Attention To Me [Myanmar Translation]Where stories live. Discover now