Chapter - 25

8.1K 1.6K 72
                                    

နှစ်ဝက်စာမေးပွဲသုံးရက်တာကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပုံရသည်။ စာမေးပွဲဖြေပြီးသည့်နောက်တော့ ကျောင်းသားတိုင်း ကိုယ့်အခန်းကိုယ်စီပြန်ရောက်သွားကြပြီး အကြင်နာမဲ့လှသည့်ဆရာသမားတွေကတော့ ပိတ်ရက်အတွက်အိမ်စာတွေပေးကြတော့သည်။

''ခုလေးတင်စာမေးပွဲဖြေပြီးတာလေကွာ အသက်တောင်မရှူရတော့ဘူးလားဟ!"
‌စာသင်ခန်းထဲက လောင်ဝူထွက်သွားသည်ဆိုရင်ပဲ ကျန်းခဲ့က မကျေမနပ်အော်ငြီးနေတော့သည်။
''ဒီပိတ်ရက်ကို ဘယ်သူကများအိမ်စာလုပ်ချင်စိတ်ရှိမှာတဲ့လဲ? အဆုံးကျ အားလုံးက အချင်းချင်းကူးချတာပဲမလား!ဘာလဲကွာ!"

ချန်ရင်းရင်း : ''လူတိုင်းကိုနင့်လိုများထင်နေလား?ဘာကြောင့်နင့်အဆင့်တွေတက်မလာလဲဆိုတာ ကိုယ့်ကိုယ်ကိုလည်း ပြန်သုံးသပ်လိုက်ဦး"

''ဘယ်လိုဖြစ်လို့ မင်းလေသံက ငါ့အမေနဲ့တအားတူနေရတာလဲ...''

''ဟဲ့ ငါ့သားလေး"

စာသင်ခန်းထဲမှာတော့ အာလူးဖုတ်နေသူတစ်ချို့နှင့် တခြားသောကျောင်းသားများသည်တော့ ခုနလေးကရူပဗေဒဘာသာရပ်မှအဖြေတွေတိုက်နေကြတာဖြစ်သည်။

ကျိုးဟောက်လျန် အနောက်ခုံကလူကိုလှည့်ပြီးမေးလိုက်သည်။
''ကျန့်ယောင် နောက်ဆုံးကွက်လက်ဖြည့်မှာ မင်းဘာဖြေခဲ့လဲ?"

''2.5''

''အာ? မဖြစ်နိုင်တာ ကောကျစ်ရှုန်းရောငါရော 7.5ရတာပါ၊ ဒါမယ့် ဟန်မုန့်ကလည်း 2.5တဲ့....''
နှစ်ယောက်နှစ်ယောက်ချင်းဖြစ်နေသည်ကြောင့် ကျိုးဟောက်လျန်လည်း ဘယ်သူ့အဖြေကိုယုံရမှန်းမသိဖြစ်နေလေသည်။

ရင်းချဲယ်က ပြောလာသည်။
''2.5ပဲ၊ ငါလည်းအဲ့အဖြေပဲရတာ၊ အဲ့တာပဲအ‌ဖြေမှန်ဖြစ်မယ်"

ကျိုးဟောက်လျန်မှာ မျက်တောင်တစ်ဖျတ်ဖျတ်နှင့် အမူအရာမှာ အနည်းငယ်ကမောက်ကမဖြစ်သွားသည်။ 'အော်'ဆိုသည့်အသံအရှည်ကြီးဆွဲပြောလိုက်ပြီး ကျေးဇူးလို့တောင်မပြောနိုင်တော့ပဲ ချက်ချင်းရှေ့ကိုတန်းလှည့်သွားတော့သည်။

''.......''

ရင်းချဲယ်သည်တော့ ခေါင်းငုံ့လျက် စာရေးခုံပေါ်က စာအုပ်များကိုသာဆက်စီနေသည်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now