Chapter - 87

8.6K 1.5K 125
                                    

နေ့လည်စာနားချိန်ပြီးနောက် ညနေပိုင်းပြိုင်ပွဲတွေ တစ်ဖန်ပြန်စတင်တယ်။

တက်ကြွမှုတွေ ခွန်အားတွေ အတော်ကုန်ခမ်းသွားပြီမို့ ညနေပိုင်းရောက်တော့ နေရောင်အောက်မှာ အားလုံးက အိပ်ချင်နေကြတော့တယ်။ အများ‌စုသောကျောင်းသားတွေက နေရာမှာတင် ထိုင်နေကြပြီး အပြေးအလွှားပြိုင်ပွဲကြည့်ဖို့တောင် အားမရှိတော့ဘူး။

ကျန့်ယောင်နဲ့ ရင်းချဲယ် ၀င်နေရာယူလိုက်တယ်ဆိုရင်ပဲ ဟန်မုန့်က ခိုးကြောင်ခိုးဝှက်နဲ့ မျက်စတစ်ချက်လှမ်းပစ်ပြပြီး :
‘‘အိုက်ရိုး နှစ်ယောက်သား ဘယ်သွားလိုက်တာပါလိမ့်? အကြာကြီးပျောက်သွားပြီးမှ ပေါ်လာတော့လည်း အင်္ကျီတွေတောင် လဲလာရတာပဲ ဘာကိစ္စပါလိမ့်?”

ရင်းချဲယ်က ပြန်‌ဖြေတယ်။
‘‘ပူလို့ အဆောင်ပြန်ပြီး ရေချိုးလာတာ”

ကျန့်ယောင်ကလည်း : ‘‘ငါရောပဲ”

ဟန်မုန့် : ‘‘ဟင် အတူတူချိုးတာပေါ့?”

ကျန့်ယောင်ဘက်က ဘာမှမပြောရသေးခင် တဖြည်းဖြည်းကျဥ်းလာတဲ့ ရင်းချဲယ်မျက်၀န်းတွေ။

ဟန်မုန့် :  ‘‘.....အာ ဆောရီး, ဒီပါးစပ်ကတော့ အဓိပ္ပါယ်မရှိ လျှောက်ပြောနေတော့တာပဲ” 

‘‘သိရင်ပြီးတာပဲ”

ကြောက်ကြောက်လန့်လန့်နဲ့ ဟန်မုန့်လည်း အရှေ့ပြန်လှည့်ပြီးမှ သက်ပြင်းချမိတယ်။
တကယ်ပါ ကျောင်းလူဆိုးဆိုတာ သွားစလို့ကောင်းတဲ့အရာ မဟုတ်ဘူး

ကျန့်ယောင်က စောစောကယူထားတဲ့ အပေါ်ထည်ကို ပြန်ပေးလာတယ်။
‘‘ဒါ၀တ်ထားလိုက်”

အခု ရင်းချဲယ်ရဲ့လည်ပင်းမှာက အသစ်စက်စက်သွားရာနှစ်ခုရှိနေတယ်။ မမြင်သာဘူးဆိုပေမယ့် အနီးကပ်ကြည့်ရင်တော့ သိသာတယ်။

အဲ့လိုဆို သူဟာ လောလောလတ်လတ် အမှတ်အသားပြုခံထားရတဲ့ omegaဆိုတာ သိသွားကြလိမ့်မယ်။

ရင်းချဲယ်လည်း အပေါ်ထည်ကိုဆွဲ၀တ်ပြီး ဇစ်ပါအပေါ်ထိ အလုံပိတ်ပစ်လိုက်တယ်။
‘‘ခုကျေနပ်ပြီလား?”

‘‘ကျေနပ်ပြီ၊ အရမ်းအရမ်းပဲ”

ယာယီအမှတ်အသားပေးပြီး မင်းကို ကိုယ့်အပိုင်တစ်၀က်ဖြစ်အောင်လုပ်လိုက်ပြီပဲဟာ၊ ဘယ်မကျေနပ်ပဲ ရှိပါတော့မလဲ?

Pay Attention To Me [Myanmar Translation]Where stories live. Discover now