Class 1 ကျောင်းသားလေးတွေခမျာ တစ်နေ့တာလုံး အေးအေးချမ်းချမ်းအနားမရလိုက်ပေ။
ပထမတော့ စောစောစီးစီး တစ်တန်းလုံးက အလန့်တကြားထအော်တာမို့ စာသင်ဆောင်တစ်လျှောက်ကင်းစောင့်နေတဲ့ ကျန်းကျောင့်ကျူးရဲ့ အာရုံက သူတို့ဆီရောက်လာပြီး ရှည်လျားထွေပြားတဲ့ လက်ချာနဲ့တိုးတယ်။ နောက်တော့ ဘာသာရပ်ပေါင်းစုံကဆရာတွေက တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ အံ့သြလန့်ဖြန့်နေရတာနဲ့။ နောက်တော့ တခြားအခန်းတွေက ကျောင်းသားတွေက နားချိန်တိုင်း လာလာကြည့်နေတာများ တိရစ္ဆာန်ရုံကိုလာကြည့်နေတဲ့အတိုင်း။ ညနေပိုင်း self-studyချိန်မှာတောင် Class 1 ကော်ရစ်တာတစ်လျှောက် လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားတွေအများကြီးရှိနေသေးတယ်။
“အဲ့တစ်ယောက် အဲ့တစ်ယောက်၊ နောက်ဆုံးတန်းကလေ၊ ချောတယ်မလား?”
“F*ck သူတို့အတန်းကို ကျောင်းသားသစ်တစ်ယောက်ပြောင်းလာတာလား?”
“မဟုတ်ဘူး၊ မနှစ်ကတုန်းက ပြောင်းလာတဲ့ တစ်ယောက်လေ၊ မနှစ်က အားကစားပွဲမှာအပြေးအရမ်းမြန်တဲ့ တစ်ယောက်လေ မှတ်မိလား?”
‘’နည်းနည်းတော့ မှတ်မိသလိုပဲ...နာမည်က ဘာတဲ့?”
“ကျန့်ယောင်”
...
တချို့ကတော့ အဲ့လောက်မဆိုးပေမယ့် လူတွေအအုပ်လိုက်ကြီးပြောနေကြတာမို့ ဘယ်လောက်တိုးအောင် ကြိုးစားပြောနေပါစေ ဆူနေတာက ဆူနေတာပဲ။
ချန်ရင်းရင်းကတော့ အပြင်ကိုထွက်သွားပြီး မောင်းထုတ်လေသည်။
“ကြည့်မနေကြနဲ့ ငါတို့အတန်းဖော်က ဆံပင်ကေလေးချိန်းလိုက်ရုံတင်၊ ပလတ်စတစ်ဆာဂျရီလုပ်လာတာမဟုတ်ဘူး၊ ကောလဟာလတွေကိုလျှောက်မယုံကြစမ်းပါနဲ့”ကျန့်ယောင်ကလည်း ခေါင်းလှည့်ပြီး လှမ်းကြည့်သည်။
“အဲ့လိုကောလဟာလမျိုးလည်း ရှိသေးတာပဲလား? ရူးလိုက်တာ...ငါတော့ အဲ့လောက်ကြီးကွာခြားသွားတယ်လို့ မထင်ပါဘူး၊ အရင်ကအတိုင်း ချောတုန်းပဲမလား ?”
ရင်းချဲယ်ကတော့ နှာခေါင်းရှုံ့လေသည်။
“မူးနေတာလား?”ကျိုးဟောက်လျန်က လှည့်လာသည်။
“ယောင်ကောရေ ဘယ်ဆိုင်မှာဆံပင်ညှပ်လာတာလဲဟင်? ငါ့ကို လိပ်စာလေးပေးစမ်းပါ”
YOU ARE READING
Pay Attention To Me [Myanmar Translation]
RandomType - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (completed) Sequel novel of Short Story Of ShaoWang!! Give all credit to original author and eng translators...