Chapter - 104

10.3K 1.2K 128
                                    

အောက်ထပ်ကနေမှ လှေကားတစ်လျှောက်နဲ့ အပေါ်ထပ်က အိပ်ခန်းထိအောင် အဝတ်တွေ နေရာအနှံ့ပျံ့ကျဲနေခဲ့တယ်။

အိပ်ယာပေါ်ကို ပစ်ချခံလိုက်ရချိန် ရင်းချယ်ကိုယ်မှာ အဝတ်ရယ်လို့ ကျောင်းယူနီဖောင်းရှပ်အင်္ကျီလေးတစ်ထည်ပဲ ကျန်ရှိလေတော့တယ်။

ခပ်ပွပွရှပ်အင်္ကျီက ပေါင်ရင်းနားထိသာ ဖုံးအုပ်ထားပြီး ဖြူလွလွ ခြေတံလေးနှစ်သွယ်ကတော့ ထားစရာနေမရှိသလို ကုပ်ကွေးထားလေတယ်။

ကျန့်ယောင်က ခြေချင်းဝတ်က ကြိုးအနီလေးကို ကိုင်ကာ သူ့ကို အနားဆွဲယူတယ်။ သြရှနေတဲ့ အသံနဲ့ သူကပြောတယ်။
"ရှောင်မပုန်းနဲ့လေ"

"မပုန်းပါဘူး"
အိပ်ယာပေါ်မှာ ရင်းချယ်က ဘေးတစ်စောင်းလှဲနေပြီး အဝတ်ချွတ်ထားတဲ့ ကျန့်ယောင်ရဲ့ ကိုယ်အပေါ်ပိုင်းကို မကြည့်ပဲ မျက်နှာလွှဲထားတယ်။

"အဲ့ဒါဆို ကိုယ့်ကိုကြည့်လေ"
ကျန့်ယောင်က သူ့မျက်နှာလေးကို ကိုင်ပြီးလှည့်ယူလိုက်ကာ
"ကိုယ့်ကိုကြည့်ပြီး မင်းကိုယ့်ကိုတကယ်လိုချင်လားဆိုတာ သိခွင့်ပေးလေ"

ရင်းချယ်ရဲ့မျက်ဝန်းတွေက တခြားနေရာဆီ ရောက်နေပြီး တုပ်တုပ်မှ လှုပ်မလာပေ။

ကျန့်ယောင်က ရင်းချယ်ခြေထောက်ကို သူ့ရဲ့အောက်ပိုင်းဆီယူကာ တစ်နေရာက ဖုဖောင်းနေတဲ့အရာကို ခြေဖဝါးနဲ့ အသာယာဖိကပ်ပြလိုက်တယ်။
"ချယ်ချယ်.....ကိုယ့်ကိုလိုချင်လားဟင်?"

အခေါ်ခံရသူမှာ ရင်တွေပင် တုန်ရင်သွားတယ်။

ဒီလို alphaကို ဘယ်သူကများ တောင့်ခံနိုင်မှာလဲ။

ရင်းချယ်ခြေဖဝါးမှာ ယားယံလာတယ်။ ယားယံမှုက နှလုံးထိတိုင်အောင် စီးဆင်းလို့ ယားယံလာတယ်။ သူဆက်ပြီး သည်းမခံနိုင်တော့ပေ။ ဖြည်းဖြည်းချင်းလှည့်လာပြီး ပက်လက်ပြန်လှန်လိုက်တယ်။ သူ့ရဲ့ ခပ်ဖွေးဖွေးပါးပြင်လေးတွေထက်တွင် အနီရောင်အလွှာလေးဖုံးအုပ်လျက်ရှိနေတယ်၊ ပူတာကြောင့်ပဲလား ရှက်တာကြောင့်ပဲလားတော့ သူကိုယ်တိုင်လည်းမသိတော့ပေ။
"မင်းက တအားစိတ်ရှုပ်စရာကောင်းတာပဲ......လိုချင်တယ် ရပြီလား"

Pay Attention To Me [Myanmar Translation]Where stories live. Discover now