Chapter - 111

8.5K 1.1K 65
                                    

ပိတ်ရက်ညတွေမှာဆို ကျောင်းဝင်းက သိပ်တော့ တိတ်ဆိတ်နေလေ့မရှိပေ။

တတိယနှစ်တွေအားလုံးနီးပါး အပြင်ထွက်သွားကြတဲ့အတွက်ကြောင့် အဆောင်ကတော့ အတိတ်ဆိတ်ဆုံးနေရာ ဖြစ်နေတယ်။

တိတ်ဆိတ်လွန်းလို့ တံခါးအဖွင့်အပိတ်သံကတောင် ထူးထူးခြားခြား ပြင်းထန်လွန်းနေတယ်။

ကျန့်ယောင်က မနက်ကမိန့်ခွန်းပြောတုန်းက အတိုင်းပဲ အနောက်တိုင်းဝတ်စုံကို ဝတ်ထားဆဲဖြစ်ပေမယ့် နက်ကတိုင်ကတော့ တွန့်ကြေလို့နေခဲ့ပြီ။
"ကူဖြည်ပေးပါဦး"

ရင်းချယ်က တံခါးကိုမှီထားရင်း ဖြည်ပေးဖို့ လက်ကိုဆန့်ထုတ်လိုက်တယ်။ နက်ကတိုင်ကိုမထိရသေးခင်မှာပဲ သူ့လက်ကလေးဟာ အဖမ်းခံရပြီး နှုတ်ခမ်းဟာလည်း နှုတ်ပိတ်ခံလိုက်ရတယ်။

အတော်များများသောက်ထားတာကြောင့် ကျန့်ယောင်ရဲ့ခံတွင်းမှာ အရက်နံ့တွေ ပြည့်နေခဲ့တယ်။ သို့ပေမယ့် အရမ်းမူးနေတာ မဟုတ်တဲ့အတွက် အသိစိတ်ကတော့ ကျန်ရှိနေဆဲပင်။ သူက ရင်းချယ်ကို ဖိကပ်ထားရင်း ဟန်မပျက် ပြင်းပြင်းပြပြနမ်းရှိုက်နေတယ်။ heatဖြစ်ချိန်တုန်းကအခေါက်ထက်စာရင် အခု အနမ်းစွမ်းရည်တွေမှာ အတော်လေး တိုးတက်လာပြီဖြစ်တယ်။

ဒါက အတော်လေးကို မခံချင်စရာကောင်းလှတယ်။

အတူတူ တွေ့ကြုံခဲ့ရပါရက်နဲ့ သူကတော့ ပိုလို့ပိုလို့ အထိမခံ(sensitive)ဖြစ်လာရပြီး သူ့ရဲ့alphaကတော့ ပိုပြီးတည်ငြိမ်ကျွမ်းကျင်လာပါသတဲ့လေ။

ကျန့်ယောင်မှာ အနမ်းထဲစီးမျောနေရင်းနဲ့မှ ရုတ်တရက် အတွန်းထုတ်ခံလိုက်ရတာကြောင့် ကြောင်အသွားရတယ်။
"ဘာဖြစ်လို့လဲ?"

"နက်ကတိုင်ဖြည်မလို့ မဟုတ်ဘူးလား"
ရင်းချယ်က သူ့ကို တွန်းထုတ်ကာ နက်ကတိုင်ကနေတစ်ဆင့် ခပ်ဆတ်ဆတ် ပြန်ဆွဲယူတယ်။

ကျန့်ယောင်က ခပ်ဖွဖွ တစ်ချက်ရယ်တယ်။ ခါးမှာရစ်တွယ်နေတဲ့ လက်နှစ်ဖက်က ကျောင်းယူနီဖောင်းအောက်ထဲကို လျှိုဝင်လာပြီး ကျောကို ပွတ်သပ်လာတယ်။

ရင်းချယ်ရဲ့လက်မှာ တုန်ရီပြီး နက်ကတိုင်ဖြည်နေရာက တစ်ချက်တွန့်သွားတယ်။
"မလုပ်နဲ့"

Pay Attention To Me [Myanmar Translation]Where stories live. Discover now