Chapter - 32

8.5K 1.7K 166
                                    

သောကြာနေ့ ညနေပိုင်း နှစ်သစ်ကူးအကြိုကျောင်းပွဲတော်နေ့ဖြစ်သည်။

ညနေပိုင်းရဲ့နောက်ဆုံးအတန်းချိန်ပြီးကတည်းက ကျောင်းသားတွေမှာ စားဖို့လည်းအာရုံမရှိတော့ပဲ အခန်းအလှဆင်ဖို့ပဲ အားစိုက်နေကြတော့သည်။

သင်ပုန်းပေါ်၌ ဝူကောကျုံရေးထားသည့် စာများမှာလည်း အတန်းပြီးငါးမိနစ်ပင်မကြာလိုက်၊ သန့်ရှင်းရေးတာဝန်ကျ ကျောင်းသားက အကုန်ဖျက်ပစ်သည်ကြောင့် သူ့မှာမခံမရပ်နိုင်ပြောမိတော့သည်။
‘’ဘာလို့ချက်ချင်းကြီးဖျက်ပစ်တာလဲကွ! တချို့ကျောင်းသားတွေလည်း ကူးပြီးချင်မှပြီးဦးမှာ!’’

ကျန်းခဲ့ : ‘’ရပါတယ် လောင်ရှီးရယ်၊ ရင်းချဲယ်ကတော့သေချာပေါက်ကူးပြီးလောက်ပါပြီ၊ ကျွန်တော်တို့လိုရင် သူ့ဆီကကူးလိုက်ပါ့မယ်!’’

အရင်ရက် အင်္ဂလိပ်ချိန်တုန်းကလည်း ရွှီပေ့နီ ပြောသွားသည်မှာ တအားမြန်လွန်းတော့ တချို့ grammarတွေကို ကျောင်းသားတော်တော်များများလိုက်မမှီလိုက်ဘူး။ ကျန်းခဲ့ အကုန်လုံးဆီလှည့်ပတ်မေးပေမယ့် အချည်းနှီးသာ၊ ဒါနဲ့ သူရှိစုမဲ့စုသတ္တိလေးတွေ စုစည်းပြီး ရင်းချဲယ်ဆီသွားမေးခဲ့သည်။ သူထင်ထားသည်နှင့်ဆန့်ကျင်စွာ ရင်းချဲယ်က noteတွေကိုရက်ရက်ရောရောပေးကူးသည်၊ သူထင်ထားသလို သွေးသံတရဲရဲမြင်ကွင်းမျိုးဖြစ်မလာခဲ့ပေ။

ကျန်းခဲ့တစ်ယောက် စာအုပ်ဖွင့်လိုက်ချိန်တွင်တော့ သေသပ်တဲ့လက်ရေးတွေနဲ့ အသေးစိတ်တဲ့အမှတ်အသားတွေကြောင့် အကြီးအကျယ်ရှော့ခ်ရသွားတော့သည်။ လုံးဝကို စံနမူနာ လက်ရေးနဲ့မှတ်စုမျိုး

---အထူးသဖြင့် ရင်းချဲယ်ဘေးမှာထိုင်တဲ့ တစ်ယောက်နဲ့ယှဥ်ရင်ပေါ့။

ကျန်းခဲ့ဟာ ပါးစပ်ဖွာသည်၊ ထို့ကြောင့် ချက်ချင်းပဲ ထိုကိစ္စကို group chatထဲတင်တော့သည်။ ရလဒ်အ‌နေနဲ့ကတော့ ဒီရက်ပိုင်း ရင်းချဲယ်ဆီရောက်လာတဲ့ ကျောင်းသားတွေ သိသိသာသာတိုးလာတော့တာပဲ။

‘’တယ်ဟုတ်ပါလား?’’
ဝူကောကျုံမှာ အားကြီးစိတ်ကျေနပ်သွားတော့သည်၊ မည်သို့ပင်ဆိုဆို အနည်းဆုံးတော့ သူ့စာကိုတစ်စိုက်မတ်မတ်လိုက်လုပ်တဲ့ သူတစ်ယောက်ရှိသေးတာပဲမလား။ ရင်းချဲယ်ကိုချီးကျူးဖို့အတွက် အနောက်တန်းဆီလှည့်ကြည့်လိုက်တော့ ဘာမှမရှိတော့ပဲ ခုံအလွတ်တွေသာ၊ လူတစ်ကောင်တောင်‌မတွေ့ရတော့ပေ။

Pay Attention To Me [Myanmar Translation]Where stories live. Discover now