Chapter - 76

9.7K 1.6K 148
                                    

ပိတ်ရက်ကာလ တစ်၀က်လောက်ရောက်တော့ ချောင်၀မ့်ယွင်ကလည်း ကျူရှင်အကြောင်း စစဉ်းစားလာတော့တယ်။

‘‘တစ်နေ့က ကျွန်မ အပြင်သွားတုန်း ချန်းအမျိုးသမီးဆီကနေ သူတို့အိမ်ကကလေးတွေအတွက် private tutorငှားထားတာဆိုတဲ့အကြောင်း ကြားလိုက်တယ်၊ ကျွန်မတို့လည်း တစ်ယောက်လောက် ငှားသင့်လား? ရှောင်ချဲယ်ကလည်း တတိယနှစ်တောင် ရောက်တော့မှာဆိုတော့......”

ရင်းချွမ်ထိုင်ကတော့ သဘောမတွေ့လှပေ။
‘‘ဆေးကုပြီးတာတောင် မကြာသေးဘူး၊ သူ့ကို ဖိအားတွေမပေးပါနဲ့”

ချောင်၀မ့်ယွင် : ‘‘ဟုတ်ပါတယ်၊ ဒီလိုကိစ္စမျိုးကို ကျွန်မလည်းအစက မတွေးမိပါဘူး၊ သူပျော်နေရင် ပြီးတာပဲလေ၊ ဒါမယ့် မနှစ်ကစာမေးပွဲမှာ သူအရမ်းတိုးတက်လာတယ်လေ၊ အမှတ်မြင့်ဖို့အရေး သူအရမ်းများကြိုစားနေတာလားလို့? အဲ့လိုဆို ကျွန်မတို့ သူ့ကို ကူညီပေးသင့်တယ်လို့ ရှင်မထင်ဘူးလား?”

ရင်းချွမ်ထိုင်လည်း ပြန်တွေးကြည့်ပြီး ကျိုးကြောင်းဆီလျော်တယ် ထင်မှ
‘‘ညကျမှ သူဘာရည်မှန်းချက်ထားလဲ မေးကြည့်ကြတာပေါ့”

.
‘‘ဘာရည်မှန်းချက်မှမရှိဘူး” 
ညစာစားပွဲဝိုင်းမှာ ရင်းချဲယ်က ခပ်ပြတ်ပြတ်ဖြေလာတယ်။
‘‘အာ့ဆို တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်ဖို့ကလည်း တစ်ခုလို့ထည့်တွက်လို့ ရမယ်ထင်တယ်နော်?”

ရင်းဇယ်က နှာခေါင်းရှုံ့တယ်။
‘‘ကော motiကလည်း နိမ့်လိုက်တာ ဟမ့်”

ချောင်၀မ့်ယွင်ကတော့ သူ့ကို ပြောရမှာရှက်နေတယ်ထင်ပြီး
‘‘ရတယ် ရှောင်ချဲယ် သားသာကြိုးစားရင် ကျိန်းသေလုပ်နိုင်မယ်ဆိုတာ မားယုံတယ်”

ရင်းချဲယ်က ခေါင်းငြိမ့်ပြီး
‘‘အာ့ဆိုလည်း ပထမရည်မှန်းချက်အဖြစ် QingBeiကိုထားလိုက်မယ်”
(T/n : QingBeiဆိုတာ Mainlandရဲ့ ၀င်ဖို့အခက်ခဲဆုံး ထိပ်တန်းတက္ကသိုလ်နှစ်ခု ဆင်ဟွားနဲ့ပီကင်းကိုပြောတာပါ)

ရင်းချွမ်ထိုင် : ‘‘........”

ရင်းဇယ် : ‘‘.......”

ချောင်၀မ့်ယွင် : ‘‘အာ.....‌ရှောင်ချဲယ် ကြိုးစားတာကလည်း ကြိုစားတာပေါ့၊ ဒါပေမယ့် တစ်ခါတစ်လေကျရင် မားတို့ ယုတ္တိနဲ့နီးစပ်ဖို့လည်း လိုသေးတယ်….”

Pay Attention To Me [Myanmar Translation]Where stories live. Discover now