Chapter - 42

8.5K 1.8K 188
                                    

ရင်းချဲယ် ထုံးစံအတိုင်း မနက် ခုနစ်နာရီမှာ အိပ်ယာနိုးလာခဲ့တယ်၊ ခေါင်းကတော့ ချာချာလည်နေလျက်ရှိတယ်။

မနေ့ညက သူအယ်လ်ကိုဟောတစ်စက်တောင် မသောက်ခဲ့ပါပဲနဲ့ ဘာကြောင့် အရက်နာကျသလို ခံစားနေရပါလိမ့်။

သူထထိုင်လိုက်ပြီး နဖူးကိုကိုင်ထားရင် ကိုယ့်ကိုယ်ကိုလန်းဆန်းလာဖို့ အချိန်ခနလောက် ယူလိုက်သည်။ မူးနောက်နောက်နှင့်ပဲ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကာ အိပ်ယာပတ်လည်ကိုကြည့်လိုက်တော့ ခြုံထားတဲ့စောင်က သူ့စောင်မဟုတ်ကြောင်း သိလိုက်ရသည်။

သူ ထပ်ပြီးစူးစမ်းကြည့်တော့ တစ်ခန်းလုံးက သူ့အခန်းဟုတ်မနေပေ။

ရင်းချဲယ် ချက်ချင်းပဲ စောင်ကိုကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။

သူ့လုပ်ရပ်က မြန်လွန်းပြီး ခေါင်းနဲ့ အပေါ်ကုတင်နှင့်ပင် တိုက်မလိုဖြစ်သွားသည်။ အနည်းငယ်လည်း ဆူညံသွားတာမို့ စာရေးခုံပေါ်အိပ်နေသူမှာ နိုးလာသည်။

"နိုးပြီပဲ..."
ကျန့်ယောင် အသံက ခပ်သြသြ။ မျက်နှာမှာ သုန်မှုန်နေရင်း ဆံပင်တွေကို ဖွနေရာမှ သူ့ဘက်ကိုခေါင်းထောင်ကြည့်တယ်။
"ကောင်းကောင်းမှအိပ်ပျော်ခဲ့ရဲ့လား င့ါအိပ်ယာထဲမှာလေ?"

ရင်းချဲယ် ဖိနပ်စီးကာ အပေါ်ထည်ကိုကောက်ဝတ်လိုက်သည်။
"မာလွန်းတယ် အိပ်မကောင်းဘူး"

ကျန့်ယောင်ကတော့ နာကျင်နေတဲ့ ခြေတွေလက်တွေကို ဆန့်ထုတ်ပြီးနောက် သူ့ရှေ့လျှောက်လာပြီး တရှုံ့ရှုံ့လုပ်သည်။

"ဘာလုပ်တာလဲ?"
ရင်းချဲယ် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။

"pheromoneတွေကို မင်းခံစားမရတာ နှမြောစရာပဲ"
ကျန့်ယောင်က ပျင်းရိပျင်းတွဲနှင့် ရယ်တယ်၊ သူ့လေသံမှာ လှောင်ပြောင်ခနဲ့ဟန်နဲ့။
"ခုဆို မင်းတစ်ကိုယ်လုံး ငါ့အနံ့တွေနဲ့ ဖုံးနေပြီ"

ရင်းချဲယ်က ခေါင်းအုံးယူကာ သူ့မျက်နှာကိုထုသည်။
"ငါလည်း နည်းနည်းမှ ခံစားချင်‌မနေပါဘူး"

မနေ့ညက အငြင်းခံရတုန်းက‌တော့ မျက်နှာငယ်နဲ့၊ ခုကျ စောက်ဘ၀င်ကပြန်ခိုက်လာပြန်ပြီ။
ဒီလူ့ရဲ့ စိတ်ဓာတ်က တကယ်ကို ကြံ့ခိုင်ပါပေတယ်

Pay Attention To Me [Myanmar Translation]Where stories live. Discover now