Chapter - 113

11.9K 1.2K 79
                                    

အရွယ်ရောက်အခမ်းနားတုန်းက ကျောင်းအုပ်ကြီးစကားပြောတုန်းက​တော့ ပျင်းစရာကလွဲ တခြားဘာမှမခံစားခဲ့ရပဲ အခုကျောင်းနှစ်ပတ်လည်ပွဲရောက်တော့မှ စပြီးတမြေ့မြေ့နဲ့ ဆွေးရတော့တယ်။

အထက်တန်းတတိယနှစ်ဆိုတာ "အခွင့်ထူးခံ"အတန်းဖြစ်ပြီး ပွဲအတွက် ဘာဆိုဘာမှဝင်ပြီး ပြင်ဆင်နေစရာမလိုပေ။ ဒုတိယနှစ်တတိယနှစ်က ရွှယ်တိရွှယ်မေ့တွေ ပျားပမ်းခတ်အောင် တက်ကြွပြင်ဆင်နေတာကို ထိုင်ကြည့်နေရုံသာ။

"မနှစ်က ငါတို့တုန်းကကျ ကျောင်းကဘာလို့ ဒီလောက် activityတွေမများရတာလဲ!"
ကျန်းခဲ့တစ်ယောက် မခံစားနိုင်တော့ပေ။

ချန်ရင်းရင်း : "ဒီနှစ်က အနှစ်ခုနစ်ဆယ်ပြည့်မြောက်လေ၊ သေချာပေါက် ကြီးကြီးမားမားလုပ်ရမှာပေါ့"

"အား သနားစရာကောင်းလိုက်တဲ့ ငါတို့‌လေးတွေ......."

သူတို့တတွေဟာ လက်ရှိတိုင် ကျောင်းမှာတက်နေတုန်းဖြစ်ပါရက်နဲ့တောင် ကျောင်းကတော့ သူတို့ကို အပြင်လူလိုသတ်မှတ်နေပြီ။

တကယ်ပဲ ကျောင်းတော်ကြီးကို နှုတ်ဆက်ရတော့မှာပဲ။

လူငယ်တွေမှာ ခွဲခွာခြင်းကို ကျင့်သားမရသေးကြပေ။ ဖြေသိမ့်လို့မတတ်တဲ့ သူတို့ရဲ့ခံစားချက်တွေကို ငြီးငြူရင်း ပြစ်တင်ပြောဆိုရင်းသာ ဖော်ပြနိုင်ကြတယ်။

တော်သေးတာပေါ့ ကျောင်းက ကြင်နာစိတ်လေးနည်းနည်းကျန်ပြီး အခမ်းအနားအပြီး ညနေပိုင်းမှာ fund raising အလှူဒါနအစီအစဥ်မှာ သူတို့ကိုပါဝင်ခိုင်းလို့။

ဒီလိုနဲ့ကျောင်းသားတွေမှာ ဒီအခွင့်အရေးကို အသုံးချပြီး ပစ္စည်းတွေ ရှင်း၊ တစ်ဖက်မှာလည်း ကိုယ်မလိုအပ်တဲ့ပစ္စည်းတွေကို ရောင်းပြီး လှူကြတယ်။ အများစုကတော့ ဝယ်ထားပြီး တစ်လုံးမှမရေးရသေးတဲ့ စာအုပ်တွေ၊ အလကားနေအလကား အဆောင်ခန်းနဲ့ စာသင်ခန်းထဲမှာ ပုံထားတဲ့ စာရေးကိရိယာတွေပေါ့။

ဒီလိုနဲ့ တတိယနှစ်တွေရဲ့ စားပွဲကောင်တာလေးတွေတိုင်းလိုလိုမှာ ပစ္စည်းလေးတွေအပုံလိုက်ကလေးတွေ တွေ့ရတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now