Chapter - 28

8.9K 1.7K 196
                                    

‘’....ဟမ်?’’

ကျန့်ယောင် သုံးစက္ကန့်လောက်ကြောင်အသွားသည်။

‘’ဘယ်သူလဲ? ငါတို့အခန်းကလား? ဒါမှမဟုတ်တခြားအခန်းကလား? ငါရောသိလား?”

ရင်းချဲယ်က ငြိမ်ငြိမ်လေး သူ့ကိုအသံတိတ်ကြည့်နေသည်၊ သူပျာယာခတ်နေတာမြင်တော့ နှုတ်ခမ်းလေးက အထက်ကိုကွေးတက်ရင်း ပြောတယ်။
‘’စတာပါ’’

ကျန့်ယောင်က သက်သာရာရသွားသလို သက်ပြင်းချသည်။
‘’သေစမ်း ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်စနောက်နိုင်ရတာလဲကွာ? ငါ့နှလုံးဖြင့် လည်ပင်းထဲထိခုန်ထွက်လာသလိုပဲ’’

‘’မင်းက ဘာကိစ္စ ယောက်ယက်ခတ်နေရတာလဲ?”
ရင်းချဲယ်က သူ့ဘေးကနေရာမှာ ထိုင်လိုက်သည်။
‘’ငါဘယ်သူ့ကိုကြိုက်ကြိုက်မင်းအလုပ်မို့လို့လား?”

‘’သေချာပေါက် ငါ့အလုပ်ပဲပေါ့၊ ငါ့ရဲ့အကောင်းဆုံးရှုန်တိက ကြိုက်ရတဲ့သူရှိနေတာကို ခုမှငါ့ကိုပြောပြတယ်ဆို တကယ်ခံစားရတာပေါ့ကွ”
ကျန့်ယောင်ထပ်ပေါင်းပြောသည်။
‘’ဒါ့ထက် မင်းကြိုက်တဲ့သူက ငါဖြစ်နေရင်ရောဘယ်နှယ့်လုပ်မလဲ? ဘာလို့ဆို ခုတလော မင်းနဲ့အနီးကပ်ဆုံးက ငါပဲလေ ၊ ပြီးတော့ မင်းအတွက်က ငါကအကောင်းဆုံးဆိုတော့၊ ဒါမယ့် မင်းရဲ့ အပေါက်ဆိုးတဲ့စိတ်နေစိတ်ထားကိုတော့ ငါသဘောမကျဘူး...’’

ရင်းချဲယ်က သူ့ခုံကိုကန်ပြီး ဖြတ်ပြောသည်။
‘’ကိုယ့်အခန်းကိုယ်ပြန်၊ ငါအိပ်တော့မှာ”

‘’အစောကြီးရှိသေးတာကို အိပ်တော့မှာလား? ထဦးလေ ဟေ့’’
စာရေးခုံနဲ့ စာအုပ်စင်ဆီကို ကျန့်ယောင်ဝေ့ဝဲကြည့်လိုက်သည်။ လေ့ကျင့်ခန်းစာအုပ်တွေ လက်မှုပညာတွေနှင့် အရင်ကအတိုင်းဘာမှမပြောင်းလဲ။ စက္ကူကြယ်ဘူးလေးက တစ်ဝက်ပြည့်ခါနီးနေတာကလွဲရင် တခြားဘာအသစ်အဆန်းမှ သူမတွေ့ရ။

စာရေးခုံပေါ်ကသံဘူးလေးကို အရင်ကမမြင်ဖူး၍ သူဒီအတိုင်း ကိုင်လိုက်သည်။
‘‘ဒါကဘာလုပ်တာလဲ? မင်းအနုပညာအမြင်ကလည်းရိုးစင်းလိုက်တာ ဆန်းဆန်းပြားပြားလည်းမရှိ...’’

ရင်းချဲယ်က သံဘူးလေးကို ဗျပ်ခနဲပြန်ဆွဲယူပြီး ခပ်ဝေးဝေးမှာထားသည်။
‘’ငါ့ပစ္စည်းတွေကို မရှုပ်နဲ့၊ မြန်မြန်ပြန်တော့”

Pay Attention To Me [Myanmar Translation]Where stories live. Discover now