ပိတ်ရက်ရဲ့တိုတိုတုတ်တုတ် အလည်အပတ်လေးအဆုံးမှာတော့ ရင်ဆိုင်စရာ ကျောင်းစာတွေ တစ်ပုံကြီးကျန်ရှိလို့နေပါတော့တယ်။
ကျောင်းကို အလုံးစုံကြီး ရက်စက်လှတယ်လို့တော့ မဆိုနိုင်။ တတိယနှစ်တွေအတွက် club activitiesတွေအားလုံး ရပ်ဆိုင်းလိုက်တယ်ဆိုပေသည့် ကာယချိန်ကိုတော့ ရပ်ဆိုင်းမပစ်တာကြောင့်ပင်။
ကျန်းကျောက်ကျူးသဘောအရတော့ သင်ယူခြင်းစွမ်းရည်မှန်သမျှအတွက် bodyကပဲ အရင်းမြစ်ဖြစ်တာမို့ ဒီမပြီးနိုင်မဆုံးနိုင် ငြီးတွားနေတဲ့ကျောင်းသားတွေအတွက် မျှော်လင့်ချက်အစနလေးတော့ သူတို့ပေးရမယ်မလား။
သို့သော်ငြား လက်တွေ့တွင်ကား အပူချိန် 30°တောင်ကျော်ပြီး ပူလောင်နေတဲ့နေ့မျိုးမှာ အတော့်အတော် ပြင်းပြအထက်သန်ဆုံး alphaတွေသာလျှင် အားကစားကွင်းထဲ၀င်ဖို့ဆန္ဒရှိကြလိမ့်မယ်။
အဲ့လို alphaမျိုးဆိုတာကလည်း Class 1မှာတော့ အင်မတန့်အင်မတန် ရှားပါးသွားပြီ။
အားကစားကွင်းဘေးတစ်ဖက်က ဘားတန်းနားတစ်ဝိုက်ရှိ သစ်ပင်ရိပ်တွေအောက်မှာ နေရောင်မထိရဖို့အရေး တိုးဝှေ့ပူးကပ်ရင်း အချိန်ဖြုန်းနေပြီး ပုစဉ်းရင်ကွဲလောက်ပင် တက်ကြွမှုမရှိဖြစ်နေတဲ့ လူတစ်စုရှိလေတယ်။
မလှမ်းမကမ်းမှာ ကြက်တောင်ရိုက်နေတဲ့ ချန်ရင်းရင်းက ထိုကိုလူထွားတစ်စုကိုမြင်တော့ လှမ်းအော်တယ်။
‘‘အဲ့နားမှာပဲ အကြောသေနေသလို ရပ်နေတာ နင်တို့တွေ မရှက်ကြဘူးလား? နင်တို့ကို ဂျူနီယာလေးတွေ အများကြီး ကြည့်နေတယ်နော်”ဟန်မုန့်က ဒီနေ့ပဲ စာပေအနုပညာဌာနရဲ့ခေါင်းဆောင်ရာထူးကနေ ပြုတ်လာတာဖြစ်တယ်၊ အစောင့်ရှောက်လေးဦးလုံးနေရာမှာလည်း ပထမနှစ်တွေက အစား၀င်သွားပြီ။
‘‘အငယ်တန်းတွေဆီက ငယ်ငယ်ရွယ်ရွယ်ရုပ်လေးတွေကြည့်ပြီး ငါ့ကိုယ်ငါတောင် အိုစာလာပြီး မပြေးနိုင်မခုန်နိုင်တော့သလို ခံစားနေရတယ် အိုင်း......”ကျန့်ယောင် : ‘‘မင်းက အရင်ကရော ပြေးနိုင်လို့လား?”
‘‘.....ဒီလိုကျန့်ယောင်ပုံစံမျိုးကြီး မနေစမ်းပါနဲ့”
ဟန်မုန့်က အံကြိတ်ကာ :
‘‘မင်းလည်း ကိုယ့်ကိုယ်ကိုအထင်ကြီးမနေပါနဲ့၊ အခုမို့ မင်းကို ခိုးခိုးကြည့်နေကြတယ်ဆိုတောင် ဆံပင်ဖြူတဲ့ထိစောင့်ကြည့်လိုက်စမ်းပါ အဲ့ကျမှ မင်းကိုကြိုက်တဲ့သူရှိပါဦးမလား ကြည့်ကြသေးတာပေါ့”
ŞİMDİ OKUDUĞUN
Pay Attention To Me [Myanmar Translation]
RastgeleType - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (completed) Sequel novel of Short Story Of ShaoWang!! Give all credit to original author and eng translators...