Chapter - 103

8.7K 1.1K 30
                                    

"ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ?"
ရင်းချယ် အံ့ဩသွားတယ်။
"ငါမင်းကို အရင်ပြန်နှင့်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား?"

"အဲ့ဒါကို မေ့သွားလို့၊ ကျောင်းပေါက်မှာ စောင့်နေတာ *နှစ်ဝက်လောက်တောင်ရှိနေပြီ"
မြေပြင်ပေါ်မှာ လဲနေတဲ့လူကို ရင်းဇယ်က ဖိနပ်ထိပ်ဖျားနဲ့ လှန်ကြည့်လိုက်ပြီး
"ငါလိုက်လာလို့သာ တော်သေးတာပေါ့၊ မဟူတ်ရင် ဒီအရှုပ်ထုတ်ကြောင့် ကောရဲ့အသုံးမကျတဲ့ရည်းစားလည်း လက်ပြတ်တော့မလို့"
(*နှစ်ဝက်လောက်ကြာပြီဆိုတာ ကြာတာကိုရွဲ့ပြောတာပါ)

ကျန့်ယောင်က ရယ်တယ်။
"အေးပါကွာ မင်းအချိန်မှီရောက်မလာဘူးဆိုရင်လည်း ငါက သူ့ကို pheromoneသုံးပြီး ဖိနှိပ်တော့မလို့"

Alpha နှစ်ယောက်သားမှာ မျက်ဝန်းတွေက အကြည့်ချင်းစစ်တိုက်လျက်ရှိပြီး မီးတောင် ထပွင့်တော့မလိုဖြစ်နေတယ်၊ ဘယ်သူကမှလည်း အလျှော့ပေးမယ့်ပုံမပေါ်ပေ။

ရင်းဇယ်က မျက်ခုံးပင့်ကာ
"ဒါဆို ပြိုင်မလား?"

ကျန့်ယောင် : "ဘာပြိုင်မှာလဲ?"

ရင်းဇယ် : "ဒီကောင် ဘယ်သူ့ရဲ့pheromoneကို အရင် ဒူးထောက်ပြီး အဖေခေါ်မလဲဆိုတာ"

ကျန့်ယောင် : "ကောင်းပြီလေ"

ခုမှသတိပြန်လည်လာတဲ့ ချန်းဟောင်ခမျာမှာတော့ မူးပြီး ချက်ချင်းပြန်မေ့လဲသွားပေတော့တယ်။

ရင်းချယ် : "....နှစ်ယောက်လုံး တော်လောက်ပြီ"

ဒီလိုကလေးဆန်တဲ့ alpha နှစ်ယောက်နဲ့သာ တစ်အိမ်တည်းအတူနေရမယ်ဆိုရင် အဖြစ်အပျက်ကတော့ မတွေးရဲစရာပဲ

ရင်းဇယ်က ဟမ့်ခနဲ နှာခေါင်းရှုံ့တယ်။
"ဘာဖြစ်ကြပြန်ပြီလဲ? ဒီကောင်ရဲ့ဇစ်မြစ်ကဘာလဲ? သူက ဘာလို့ ကောကို ရန်ငြှိုးထားနေရတာလဲ?"

"သိချင်ရင် ကိုယ့်ဘာသာကိုယ်သာ မေးကြည့်ပေတော့"
ကျန့်ယောင်က ကင်မရာကို ရင်းဇယ်ဆီ လှမ်းပစ်ပေးကာ
"ဒါနဲ့ , ကြုံတုန်းလေး သူ့ကို ရဲစခန်းခေါ်သွားဖို့ မင်းကိုပဲ တာဝန်ပေးရတော့မယ်၊ သက်သေက ဒီမှာ"

ရင်းဇယ်က လှမ်းဖမ်းလိုက်ရင်းနဲ့
"ဘာလို့ ငါက သွားရမှာလဲ?"

Pay Attention To Me [Myanmar Translation]Where stories live. Discover now