Episode ~ 4

720 99 48
                                    

ကားမောင်းနေရင်း ဆော့ဂျင်မှာ စိတ်ကိုမထိန်းချုပ်နိုင်စွာပင် ယွန်းဂီအား စတင်ဆူငေါက်လာလေတော့သည် ။

" ယွန်းဂီ မင်း အဲ့ဒါ ဘာလုပ်တာလဲ "

" ဘာလုပ်လို့လဲ "

ယွန်းဂီက နားမလည်စွာ ခွန်းတုံ့ပြန်လိုက်သည် ။

" မင်း ဂျွန်ဂျောင်းဂုကို ဖုန်းနံပါတ်ပေးလိုက်တဲ့ကိစ္စကို ပြောနေတာ ။ ပြဿနာတွေတက်မှာ မစိုးရိမ်ဘူးလား "

" ဘာပြဿနာလဲ "

" သူကနေတဆင့် တခြားသူတွေက မင်းနံပါတ်ကို သိသွားခဲ့ရင် မလိုလားအပ်တဲ့ပြဿနာတွေ တက်မှာကိုပေါ့ဟ "

" မတက်ပါဘူး Hyungရဲ့ ။ ဂျောင်းဂုက ယုံကြည်လို့ရပါတယ် "

ဆော့ဂျင်မှာ ယွန်းဂီစကားကြောင့် သွေးဆောင့်တက်သွားသလို ခံစားလိုက်ရသည် ။

" ဘယ်နားကများ သူက ယုံကြည်စရာကောင်းနေလို့လဲ ။ အခုမှ ပထမဆုံးတွေ့ဖူးတဲ့လူကို မင်း အရမ်းယုံမနေနဲ့ "

" သူ့မျက်လုံးတွေက ရိုးသားတယ်လို့ ခံစားမိလို့ပါ "

ယွန်းဂီရဲ့မခိုင်လုံသည့်အကြောင်းပြချက်ကြောင့် ဆော့ဂျင်မှာ ရွဲ့စောင်း ရယ်လိုက်မိသည် ။

" အဟား...မျက်လုံးတွေက ရိုးသားတယ် ဟုတ်လား ။ ငါတော့ သူ့ရဲ့မျက်လုံးတွေက အရမ်းပြူးတယ်လို့ပဲ ခံစားရတယ် "

ယွန်းဂီက ဆော့ဂျင်ရဲ့စကားကို လက်မခံသလို နှာမှုတ်လိုက်ပြီး ပြန်ပြောလိုက်သည် ။

" ဟွန့် ပြူးတာမဟုတ်ပါဘူး ။ မျက်လုံးတွေက ကြီးကြီးဝိုင်းဝိုင်းလေးတွေ ဖြစ်နေလို့ပါ "

" ပြီးတော့ မင်းကို အင်္ကျီညှိပေးတုန်းကလည်း သူနဲ့မဆိုင်ပဲ ဝင်ပါသေးတယ် ။ သူဌေးက သူဌေးနေရာနေပါလား ။ ဘေးနားမှာ ဒီဇိုင်းနာတစ်ယောက်လုံး ရှိနေတာ ။ အဲ့အပြုအမှုတွေက မဟုတ်သေးဘူးနော် ယွန်းဂီ "

" Hyung...အဲ့ဒါ သူဆွဲထားတဲ့ဒီဇိုင်းမို့လို့ သူကိုယ်တိုင် လာညှိပေးတာပါ ။ Hyung သိပ်မတွေးပါနဲ့ ။

ဆော့ဂျင်မှာ ယွန်းဂီက ထိုဂျွန်ဂျောင်းဂုကို ကာကွယ်နေသည်ဟု ခံစားရတာကြောင့် သက်ပြင်းသာ ချလိုက်သည် ။

Please Love MeDonde viven las historias. Descúbrelo ahora