Episode ~ 6

632 90 18
                                    

ယနေ့က ပိတ်ရက်ဖြစ်တာကြောင့် ဂျောင်းဂုမှာ မိဘအိမ်သို့ သွားရောက်လည်ပတ်ရမည်ဖြစ်သည် ။

အိမ်ထဲသို့ ဂျောင်းဂု ဝင်လာလိုက်သည်
နှင့် ဆောင်းမီလေးက ခါးလေးထောက်ကာ နှုတ်ခမ်းစူထော်ပြီး ရန်တွေ့လာသည် ။

" ဦးဦး မကောင်းဘူး ။ ဘာလို့ SUGAကိုကို နဲ့ ကြော်ငြာရိုက်တာကို မပြောရတာလဲ ။ "

သူက ပြုံးဖြီလိုက်ရင်း ဆိုလိုက်သည် ။

" ဦးဦးက မေ့သွားလို့ပါ ။ စိတ်မဆိုးနဲ့နော် "

ဆောင်းမီလေးက သူ့ကိုမကြည့်ချင်တော့လောက်အောင် စိတ်ဆိုးနေသလိုမျိုး မျက်နှာကို ဘေးဖက်သို့စောင်းလိုက်ရင်း ပြန်ဖြေလာသည် ။

" ဆိုးမှာပဲ ။ တကယ်ဆို မီမီက SUGAကိုကိုနဲ့တွေ့ပြီး လက်မှတ်တောင်းလို့ရမှာကို ။ ဦးဦး
ကြောင့် လက်မှတ်မရတော့ဘူး ။ "

" နောက်မှတောင်းလည်းရတာပဲ မီမီကလည်း "

ဆောင်းမီလေးက သူ့ကိုပြန်လှည့်ကြည့်ကာ သူမ,သိပ် သိချင်နေသည့်မေးခွန်းကိုမေးလာသည် ။

" ဦးဦးရော SUGAကိုကို ဆီက လက်မှတ်တောင်းလိုက်လား "

ဆောင်းမီလေးက မေးမှပင် ဂျောင်းဂုမှာ လက်မှတ်တောင်းဖို့ မေ့ခဲ့သည်ကို သတိရတော့သည် ။ တကယ်တော့လည်း မေ့သွားသည်ဆိုတာထက် လုံးဝကို စိတ်ထဲရှိမနေခြင်း ဖြစ်သည် ။ သူ လိုချင်သည်က လက်မှတ်မဟုတ်တာကြောင့်လည်း ပါသည်ပင် ။

" ဦးဦးလည်း မေ့ပြီးမတောင်းဖြစ်လိုက်ဘူး "

" ဟွန့် ဦးဦးကတော့ မေ့ပဲမေ့နေတာပဲ "

ဆောင်းမီလေးစကားကြောင့် ဂျောင်းဂုမှာ ရယ်မောလိုက်ပြီး သူ့လက်ထဲမှ မုန့်ထုပ်ကို မြှောက်ပြလိုက်သည် ။

" ဒါပေမယ့် မီမီလေးအတွက် မုန့်ကိုတော့မမေ့ခဲ့ဘူးလေ​နော် ။ ဦးဦးကို ခွင့်လွှတ်မယ် မဟုတ်လား ။ နောက်ကျမှ ဦးဦးက လက်မှတ်တောင်းပေးမယ်နော် "

ဆောင်းမီလေးမှာ မုန့်မြင်သွားတာကြောင့် အနည်းငယ် စိတ်ပြေသွားပုံရပြီး ခေါင်းညိတ်ပြလာလေသည် ။

Please Love MeDonde viven las historias. Descúbrelo ahora