ထိုနှစ်ယောက်ရဲ့မူယာပိုနေသည့်အပြုအမှုကြောင့် ဟိုဆော့မှာ သဘောကျစွာ ရယ်သွမ်းသွားရလေသည် ။ ယွန်းဂီကလည်း ပြုံးတုံ့တုံ့လေးဖြင့် တုံ့ပြန်လိုက်သည် ။
" ဟိုဆော့ရဲ့အပြုံးက နေမင်းကြီးလိုပဲ "
သူ့စကားကြောင့် ဂျောင်းဂုမှလွဲ၍ ကျန်လူများမှာ သဘောကျစွာ ရယ်မောလာကြသည် ။
ဂျောင်းဂုကမူ အနည်းငယ်မျှ ပြုံးရင်း ယွန်းဂီကို တိုးတိုးလေး ကပ်ပြောလိုက်သည် ။
" ကျွန်တော်ရဲ့ဘယ်နေရာကရော နေမင်းကြီးနဲ့တူလဲ "
ယွန်းဂီမှာ တိုးဖွသည့်အမေးကြောင့် အနည်း
ငယ်မျှ ထိတ်လန့်သွားရသည် ။ ထို့နောက် သူက ဂျောင်းဂုကို လှည့်ကြည့်လိုက်ပြီး နှစ်
ကိုယ်ကြားစကားဆိုလိုက်သည် ။" မင်းရဲ့ခန္ဓာကိုယ် ။ အဲ့ဒါက နေမင်းကြီးလို တောက်ပပြီး အရမ်းကို ပူပြင်းတယ် "
သူကိုယ်တိုင်ပြောလိုက်သည့် ရဲတင်းလွန်းပြီး အရှက်မရှိလှသည့်စကားကြောင့် ယွန်းဂီမှာ ချက်ချင်းပင် ရှက်ရွံ့သွားရလေသည် ။
ဂျောင်းဂုက အလွန်အမင်းသဘောကျဟန်ဖြင့် ခပ်ဟဟ ရယ်မောလာသည် ။ ထို့နောက်သူက ယွန်းဂီရဲ့ပေါင်ပေါ်လက်တင်လိုက်ပြီး နုနယ်သည့်အသားအိအိလေးကို အသည်း
ယားစွာဖြင့် ဖျစ်ညှစ်လိုက်လေသည် ။ ယွန်းဂီမှာ ထိုအပြုအမှုကြောင့် လန့်ဖျပ်သွားရပြီး သူက ဂျောင်းဂုကို လှည့်ကြည့်လိုက်သည် ။ ဂျောင်းဂုက သူမဟုတ်သည့်ပုံစံဖြင့် ယွန်းဂီရဲ့ပေါင်ကိုပွတ်သပ်နေပြီး ရှေ့တူရှုကိုသာ
ကြည့်ရင်း နမ်ဂျွန်းတို့ရဲ့စကားဝိုင်းကို နား
ထောင်နေသည် ။ယွန်းဂီမှာ ဂျောင်းဂုရဲ့ထူးဆန်းပြီး ရင်ဖိုဖွယ်ကောင်းသည့်အပြုအမှုတွေကြောင့် သူ့မှာ ခဏတာမျှ ကြောင်အမ်းနေမိသည် ။ သို့ပေမယ့် သူက ဂျောင်းဂုရဲ့လက်ကို ဖယ်မထုတ်ဘဲ ပွတ်သပ်ခွင့်ပေးထားလိုက်ပြီး သူကိုယ်
တိုင်လည်း နမ်ဂျွန်းတို့ရဲ့စကားဝိုင်းကို နား
ထောင်လိုက်သည် ။နမ်ဂျွန်းက အမေးရှိလာသည် ။
" ဂျီမင်းနဲ့ထယ်ယောင်းက ငယ်သူငယ်ချင်းတွေလား "
ESTÁS LEYENDO
Please Love Me