Episode ~ 21

514 75 25
                                    

ရုံးခန်းထဲ၌ ဂျောင်းဂုမှာ Laptop ကိုသဲကြီးမဲကြီး စိုက်ကြည့်ရင်း သူ့မျက်နှာဟာ အလိုမကျစွာ ခက်ထန်နေသည် ။ သူက Laptop ကိုကြည့်လိုက် ၊ ဖုန်းကို ကြည့်လိုက်ဖြင့် တစ်ယောက်တည်း ယောက်ယက်ခတ်နေသည် ။

| SUGA ဟာ သရုပ်ဆောင်အဖြစ် စတင် ပွဲဦးထွက်တော့မည်ဟု HJ Entertainment က အတည်ပြုခဲ့သည် |

ထိုသတင်းကို အခေါက်ခေါက်၊အခါခါ ဖတ်ကြည့်ပြီးနောက် သူ့မှာ သဘောမကျစွာ မျက်နှာကို ရှုံမဲ့ထားမိတော့သည် ။ သရုပ်
ဆောင်မည်ဆိုကတည်းက ဇာတ်ကောင်အဖြစ်ပါဝင်လာသည့်အမျိုးသမီးတွေနှင့် ထိတွေ့ဆက်ဆံရတော့မည်ဖြစ်သည် ။ ပြီးနောက် ဇာတ်လမ်း ၊ ဇာတ်ကွက်အတိုင်း အ
သားချင်းထိတွေ့မှုတွေက ပါဝင်လာမည်ဖြစ်သည် ။ ထိုအခါ၌ သူ့မှာ ယွန်းဂီကို အား
ပေးချင်သည့်တိုင် ထိုကဲ့သို့အပြုအမှုတွေကြောင့် အင်မတန်မှကို စိတ်အနှောင့်အယှက်ဖြစ်ရလိမ့်မည်ပင် ။

ထို့ကြောင့် သူက ထိုကိစ္စနဲ့ပတ်သက်ပြီး အ
သေးစိတ်သိချင်တာကြောင့် ယွန်းဂီအား
မေးမြန်းရန် ဖုန်းဆက်လိုက်သည် ။

" ဟယ်လ်ို ယွန်းဂီ Hyung...ကျွန်တော် သတင်းဖတ်ပြီးပြီ ။ Hyungက တကယ်ပဲ ရုပ်ရှင်ရိုက်တော့မှာလား "

ယွန်းဂီက ရွှင်မြူးလျက် ဖြေကြားလာသည် ။

" ဒါပေါ့ ။ အတွေ့အကြုံသစ် ရတယ်လေ ။ "

ဂျောင်းဂုက သဘောမကျစွာ နှာရှုံလိုက်သည် ။

" ဟွန့် ကျွန်တော်က မရိုက်စေချင်ဘူး "

" မင်းက ဘာလို့ မရိုက်စေချင်ရတာလဲ "

သူ့မှာ ယွန်းဂီရဲ့အမေးကို မည်သို့ ပြန်ဖြေရမည်မှန်း မသိပါချေ ။

" ဟို ဟို ဘာမှမဟုတ်တော့ဘူး ။ Hyung သဘောကျရင် ပြီးတာပါပဲ "

" ငါလည်း ကမ်းလှမ်းလာလို့ အတွေ့အကြုံရအောင် ရိုက်ကြည့်တာပါ ။ နောက်ဆို ရိုက်ချင်မှလည်း ရိုက်ဖြစ်မှာ "

" ဒါဆိုလည်း မရိုက်ဖြစ်မယ့်အတူ အခုလည်း မရိုက်နဲ့လေ "

ယွန်းဂီက ရယ်သွမ်းလျက် ဆိုလာသည် ။

" ဟားဟား...မင်းကတော့လေ ။ စကားကို အထအနကောက်တယ် ။ အဲ့တော့ ဒီကိစ္စမေးချင်လို့ ဖုန်းဆက်တာပေါ့လေ ။"

Please Love MeWhere stories live. Discover now