အိမ်ပြန်ရောက်သည်နှင့် ဂျောင်းဂုမှာ အရက်နံ့တွေ နံ့တွေနံစော်နေသည့် ခန္ဓာကိုယ်ကို ရေချိုးသန့်စင်လိုက်ရင်း သန့်စင်ခန်းထဲက အဖြစ်အပျက်ကို တွေးတောမိတော့သည် ။
သူက အရက်ကို အတော်အသင့် သောက်နိုင်သူဖြစ်ပြီး ထိုအချိန်တုန်းက သူဟာ သုံးခွက်ပဲ သောက်ထားတာကြောင့် လူမှန်း ၊ သူမှန်း မသိလောက်အောင်တော့ မူးမနေပါချေ ။ သို့ပေမယ့် သူ့ခေါင်းထဲ၌ ပေါ်လာသည့် အကြံဆိုးတစ်ခုကြောင့် အရက်မူးနေသလို ဟန်ဆောင်ပြီး ယွန်းဂီကို အသားယူခဲ့ခြင်းသာ ဖြစ်သည် ။
ဂျောင်းဂုက ထိုသရုပ်ဆောင်မှုကို သန့်စင်ခန်းထဲအထိ သရုပ်ဆောင်ခဲ့ပြီး ယွန်းဂီအပေါ်၌ မလုပ်သင့် ၊ မလုပ်အပ်သည့်အရာကို မထိန်းချုပ်နိုင်ဘဲ လုပ်ခဲ့မိတော့သည် ။
ထိုအချိန်တုန်းက ယွန်းဂီမှာ သူ့ရင်ဘတ်ကို တဖြန်းဖြန်းရိုက်လျက် လွှတ်ပေးဖို့ တောင်းဆိုခဲ့၍ သာ တော်သေးသည် ။ မဟုတ်လျှင် သူက ထိုထက်ပိုပြီး မကောင်းသည့်အရာကို အသိစိတ်မဲ့လျက် လုပ်မိခဲ့မည်မှာ ကျိန်းသေပေါက် ဖြစ်သည် ။ ထို့အပြင် ချစ်တယ်ဆိုသည့်အကြောင်းကိုလည်း အထိန်းချုပ်မဲ့စွာ ဖွင့်ပြောခဲ့သေးသည် ။ ဒါက အတော်လေးကို ဆိုးရွားသည့်အပြုအမှုနှင့် romanceမဆန်သည့်ဖွင့်ပြောခြင်းပင် ဖြစ်သည် ။
ဂျောင်းဂုမှာ စိတ်ပျက်စွာဖြင့် ရေစိုနေသည့် သူ့ဆံပင်တွေကို ဆုပ်ဆွဲလိုက်ရင်း အော်ဟစ်ပြောဆိုလိုက်သည် ။
" မင်း ရူးသွားပြီလား ဂျွန်ဂျောင်းဂု ။ "
" အခု ဘယ်လိုလုပ်ကြမလဲ ။ ယွန်းဂီHyung က မုန်းသွားရင် ဘယ်လိုလုပ်မလဲ "
ထို့နောက် ဂျောင်းဂုက သူ့ခေါင်းကို လက်သီး
ဆုပ်ဖြင့် ထုထောင်းရင်း ကိုယ့်ကိုကိုယ် ဆုံးမလာလေသည် ။" အသိစိတ်ကပ်စမ်းပါ ။ မင်းက ယွန်းဂီ Hyung ကို မြင်တာနဲ့ စိတ်လွှတ်သွားတော့တာပဲ ။ ဂျွန်ဂျောင်းဂု ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ စဥ်းစားစမ်း "
သူ့မှာ အိပ်ရာဝင်ချိန်ကစပြီး တစ်ညလုံး စဥ်းစားသည့်တိုင် မည့်သည့်အဖြေမှ ထွက်မလာတာကြောင့် စိတ်ညစ်နေရလေသည် ။ မကြာခင် မိုးလင်းတော့မည် ဖြစ်သည် ။ သူ စဥ်းစားလို့ရသည်မှာ ယွန်းဂီကို အဆက်အသွယ်ဖြတ်ထားပြီး ထိုကိစ္စကို မေ့လောက်မှပင် အဆက်အသွယ်လုပ်မည်ဟု ဖြစ်သည် ။
ESTÁS LEYENDO
Please Love Me