ဆိုးလ်သို့ပြန်ရောက်တော့ ညဥ့်နက်နေပြီ ဖြစ်သည် ။ ယွန်းဂီဆီကို ဖုန်းဆက်ချင်ပေမယ့် အိပ်ချိန်ရောက်နေပြီ ဖြစ်တာကြောင့် နံနက်မှပဲ ဖုန်းဆက်ဖို့ သူက စိတ်ကူးလိုက်တော့သည် ။ သူ့မှာ ခရီးစဥ်ကဝေးလို့ ခန္ဓာကိုယ်က ပင်ပန်းတာကြောင့်ရယ် ၊ ခရီးစဥ် တလျှောက်လုံး ယွန်းဂီကို စိတ်ပူနေတာကြောင့်ရယ် ပေါင်းပြီး အိပ်ရာပေါ်သို့ ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားတော့သည် ။
Chicago ကနေ မထွက်ခွာခင် ယွန်းဂီမှာ ဂျောင်းဂုကို ဖုန်းဆက်ဖို့ သတိရသွားသည် ။ ထို့ကြောင့် သူက ဖုန်းဆက်ရန် စိတ်ကူးနေစဥ်မှာပင် ဂျောင်းဂုဆီကနေ ဖုန်းဝင်လာတာကြောင့် မြန်မြန်သွက်သွက် ကိုင်လိုက်လေသည် ။
" ဟယ်လို ။ မဟုတ်တောင် ငါ မင်းကို ဖုန်းဆက်တော့မလို့ "
ယွန်းဂီရဲ့အားပြည့်နေသည့်အသံလေးကြားမှ ဂျောင်းဂုမှာ သူ့ရဲ့ရင်ဘတ်ထဲရှိအပူလုံးကြီးက ငြိမ်းသွားရတော့သည် ။
" ဟုတ်လား ။ Hyung ရော သက်သာသွားပြီးလား "
" သက်သာ သွားပါပြီ ။ မင်းရော ပြဿနာရှင်းပြီး သွားပြီလား "
" အခုမှ ကုမ္ပဏီကို သွားမလို့ ။ နောက်တစ်ခါ နေမကောင်းမဖြစ်စေနဲ့နော် ။ ကျွန်တော် တော်တော်လေးကို စိတ်ပူသွားတာ ။ "
ဂျောင်းဂုရဲ့နှုတ်ဖျားကနေ ထွက်လာသည့် စိတ်ပူသွားတာ ဆိုသည့်စကားလေးကြောင့် ယွန်းဂီရဲ့ ရင်ထဲ၌ အနွေးဓာတ်လေးမှာ စီးဆင်းသွားပြီး နွေးထွေးသွားရလေသည် ။
" ငါလည်း ထပ်မဖြစ်ချင်တော့ပါဘူး ။ နေမကောင်းဖြစ်ရတာ အရမ်းပင်ပန်းတာ ။ "
" အစားကိုလည်း သေချာ ဂရုစိုက်စားနော် ။ အိပ်ရေးလည်း ဝအောင် အိပ်ဦး ။ နောက်ပြီး အလုပ်တွေလည်း အရမ်း မလုပ်နဲ့ဦး ။ "
ယွန်းဂီမှာ သူ့ကို တတွတ်တွတ်မှာကြားနေသည့် ဂျောင်းဂုကြောင့် အသံတိတ် ရယ်လိုက်မိသည် ။
" ငါ သိပါတယ် ။ မင်းလည်း အလုပ်သွားရဦးမှာ မဟုတ်လား ။ ငါလည်း ခဏနေရင် လေယာဥ်ပေါ်တက်ရတော့မှာ "
" ဟုတ်လား ။ ဒါဆို ဖုန်းချလိုက်တော့လေ ။
Hyung အားမှ ဖုန်းဆက်လိုက်လေနော် "
YOU ARE READING
Please Love Me