Episode ~ 16

602 72 24
                                    

ဂျောင်းဂုက သူ့ရုံးခန်းအတွင်းသို့ ယွန်းဂီနှင့်ဆော့ဂျင်ကို ခေါ်ဆောင်လာပြီး ဆိုဖာမှာ ဝင်ထိုင်လာစေသည် ။ အခန်းအတွင်းသို့ အ
တွင်းရေးမှူးကန်လည်း ဝင်လာသည် ။

" Hyung တို့ ဘာသောက်မလဲ "

" ရေပဲပေးပါ "

ထို့နောက် ဂျောင်းဂုက အတွင်းရေးမှူးကန်ကို လှမ်းပြောလိုက်သည် ။

" ရေနှစ်ခွက် ယူလာခဲ့ပေး "

" ဟုတ်ကဲ့ သူဌေး "

ယွန်းဂီက စာချုပ်ပါ အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်ပြီး သူ့အနေဖြင့် ကန့်ကွက်စရာ တစ်ခုတလေမှ မရှိတာကြောင့် လက်မှတ်ရေးထိုးလိုက်သည် ။

" ရှေ့လျှောက် ကောင်းကောင်းမွန်မွန် လက်တွဲကြတာပေါ့ "

ဂျောင်းဂုက ပြုံးရွှင်စွာ လက်ကမ်းပေးလာပြီး ယွန်းဂီမှာ ထိုသွယ်သွယ်လျလျ လက်
လေးကို ဆုပ်ကိုင်လိုက်ကာ လက်ဆွဲနှုတ်
ဆက်လိုက်သည် ။

" ကောင်းပါပြီ "

" နေ့လယ်စာ စားချိန်လည်း နီးနေပြီဆိုတော့ ကျွန်တော် Hyung တို့ကို နေ့လယ်စာ လိုက်ကျွေးမယ်လေ ။ မကောင်းဘူးလား "

" မင်းသဘော "

ယွန်းဂီရဲ့လက်ကို ဂျောင်းဂုက မလွှတ်ပေးဘဲ ဆုပ်ကိုင်ထားဆဲ ဖြစ်သည် ။ ယွန်းဂီမှာ ထိုအပြုအမှုကြောင့် အိုးတို့အန်းတန့် ဖြစ်နေလေသည် ။ ဂျောင်းဂုမှာမူ သူမည်သည့်အရာကို လုပ်နေသည်ဟု မသိသည့်အတိုင်း ယွန်းဂီကို ပြုံးလျက် ငေးကြည့်နေသည် ။

အတွင်းရေးမှူးကန်မှာ သူ့သူဌေးကို သတိပေးချင်နေသည့်တိုင် အပြစ်လုပ်မိမည်ကိုလည်း စိုးရိမ်နေတာကြောင့် သူ့ခမျာလည်း ကြားထဲကနေ ယွန်းဂီကို အားနာနေရရှာသည် ။

ဆော့ဂျင်မှာမူ အောက်ထပ်ဆင်းရင် နမ်ဂျွန်းနဲ့ထပ်တွေ့မည့်အရေးကို စိုးရိမ်နေတာကြောင့် သူ့ဘေးနားက နှစ်ယောက်မှာ မည့်သည့်ကိစ္စဖြစ်နေသည်ကို ဂရုမထားနိုင်ဘဲ ကင်နမ်ဂျွန်းနဲ့ ထိပ်တိုက် မတွေ့ရမည့်နည်းကိုသာ အကြိတ်အနယ် စဥ်းစားနေလေသည် ။

ထို့နောက်တွင်တော့ အလွန်အမင်း ချုပ်တည်းထားရသည့် အတွင်းရေးမှူးကန်က အထစ်ထစ် ၊ အငေါ့ငေါ့ဖြင့် ဝင်ရောက် သတိပေးလာသည် ။

Please Love MeWhere stories live. Discover now