Episode ~ 38

691 78 81
                                    

အိပ်ရာမှာ တစ်ယောက်အိပ်ဖြစ်တာကြောင့် လူနှစ်ယောက်စာကျတော့ အင်မတန်မှကို ကျဥ်းမြောင်းလို့သွားရပြီး ယွန်းဂီမှာ ဂျောင်းဂုရဲ့ရင်ခွင်ထဲ၌ လုံးဝဥဿုံ နစ်မြုပ်လို့နေရသည် ။ ဂျောင်းဂုမှာ ယွန်းဂီကို ပွေ့ဖက်ထားရင်း ဆံနွယ်ပျော့လေးတွေကို ဆော့ကစားလျက် စကားဆိုလာသည် ။

" Steakကို ကောင်းကောင်းစားခဲ့လား "

ယွန်းဂီက ဂျောင်းဂုရဲ့ခါးကျဥ်းကျဥ်းလေးကို ပွေ့ဖက်လိုက်ရင်း ပြန်ဖြေလာသည် ။

" အင်း ။ မစားရတာကြာလို့လား မသိဘူး ။ အရမ်း အရသာရှိတာပဲ ။ ပြီးရင်တော့ ဝိတ်လျော့ရတော့မယ် "

" ဘာလို့လဲ ။ ဝိတ်မလျော့ပါနဲ့ ။ Hyungက ပြည့်ပြည့်ဖောင်းဖောင်းလေးဆို အရမ်းချစ်ဖို့ကောင်းတာ "

" ဘယ်ဖြစ်မလဲ ။ ကုမ္ပဏီက ငါ့ကို ဆူမှာပေါ့ "

ဂျောင်းဂုက သဘောမကျဟန် ဆိုလာသည် ။

" ဆူရဲဆူကြည့်ပါလား ။ ကျွန်တော်က အကုန်လုံးကို ရိုက်ပစ်မှာ ။ ဟိုလူကြီးကိုလည်း အရေခွံဆုတ်ပြီး နုပ်နုပ်စင်းပစ်မှာ "

ထိုစကားကြောင့် ယွန်းဂီမှာ သဘောကျစွာ ရယ်မောမိသွားရသည် ။

" စိတ်လျော့ပါဦး "

ဂျောင်းဂုက ဟင်းခနဲ သက်ပြင်းချလာသည် ။ သူက ယွန်းဂီနှင့် နဖူးချင်းထိတွေ့လာပြီး နှစ်ဦးသားရဲ့နှာခေါင်းထိပ်လေးတွေမှာ ထိလုထိခင်ဖြစ်နေရသည် ။

ထို့နောက် ဂျောင်းဂုက အင်မတန်မှကို တိုးဖွသည့်အသံဖြင့် မေးခွန်းတစ်ခုအား မေးလာသည် ။

" Hyung ကျွန်တော်တို့က ဘာလဲ "

ဂျောင်းဂုမှာ ထိုမေးခွန်းကို သိချင်စိတ်ကြောင့် မချုပ်တည်းနိုင်ဘဲ မေးလိုက်မိပေမယ့်လည်း ကြောက်လန့်စွာဖြင့် ယွန်းဂီက ပြန်မဖြေလာပါစေနဲ့ဟု ဆုတောင်းနေမိသည် ။

" ငါတို့ကလား...လူတွေလေ "

ထိုအဖြေကြောင့် သူ့မှာ စိတ်အေးသွားရပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည် ။
ယွန်းဂီက ထိုမေးခွန်းကို ရှောင်နေမှန်း ခန့်မှန်းမိလိုက်တာကြောင့် ဂျောင်းဂုမှာ ဆက်မမေးတော့ပေ ။ သူက မေးလည်းမမေးချင်တော့သလို ၊ မေးလည်းမမေးရဲတော့ပေ ။ အကယ်၍များ ယွန်းဂီက သူ့ကို ပြောပြမည့်အချိန်ရောက်လာရင်တော့ သူက နားမထောင်ချင်လည်း နားထောင်ရမည်သာ ဖြစ်
သည် ။ ထို့ကြောင့် ထိုအချိန်လေး မရောက်
လာခင် ခဏလေးပဲဖြစ်ဖြစ် ယွန်းဂီကို ပိုင်
ဆိုင်ချင်သေးသည် ။

Please Love MeWhere stories live. Discover now