Episode ~ 22

480 72 21
                                    

ယနေ့သည် ဇာတ်လမ်းအတွက် အစမ်းလေ့ကျင့်ရမယ့် ပထမဆုံးနေ့ဖြစ်တာကြောင့် ယွန်းဂီမှာ ရိုက်ကူးထုတ်လွှင့်ပေးမည့် Entertainment ရှိရာသို့ စောစီးစွာ ထွက်လာခဲ့လိုက်သည် ။

အစမ်းလေ့ကျင့်ရမည့်အခန်းအတွင်းသို့ သူက ရိုကျိုးစွာ ဝင်လာလိုက်ပြီး အခန်းတွင်းရှိ လူများကို နှုတ်ဆက်လိုက်သည် ။

" မင်္ဂလာပါ "

လူတချို့က သူ့ကို စကားလေးဖြင့် ပြန်နှုတ်ဆက်လာပြီး တချို့ကမူ ပြုံးလျက် ခေါင်းလေးညွှတ်ကာ နှုတ်ဆက်လာကြသည် ။

ထိုစဥ် အသက်လေးဆယ်ကျော်လောက်ရှိပြီး လေးထောင့်ပုံမျက်မှန်ကို တပ်ဆင်ထားသည့်ဒါရိုက်တာချွဲဆီမှ အသံကို ကြားလိုက်ရသည် ။

" ရောက်လာပြီလား SUGA "

ယွန်းဂီက ဒါရိုက်တာချွဲရှိရာသို့ သွားလိုက်ပြီး အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည် ။

" ဒါရိုက်တာ မင်္ဂလာပါ "

ဒါရိုက်တာချွဲက ပြုံးလျက် စကားဆိုလာသည် ။

" SUGA က အစောကြီး ရောက်လာတာပဲ ။ မင်းသားနှစ်ယောက်နဲ့ မင်းသမီးတောင် မရောက်သေးဘူး "

" ဒီနေ့က ပထမဆုံးရက်ဆိုတော့ စောစောလာပြီး အားလုံးနဲ့ရင်းနှီးအောင်မိတ်ဆက်သင့််တယ် ထင်လို့ပါ ။ ဒါရိုက်တာက ကျွန်တော့်ကို ကမ်းလှမ်းလာတာ ကျေးဇူးတင်ပါတယ် "

" မဟုတ်တာ ။ SUGA က လက်ခံပေးလို့သာ ကျွန်တော်တို့ လက်တွဲလုပ်ရတာပါ ။ "

" ကျွန်တော်ကို သင်ပြပေးပါဦး ။ အစွမ်းကုန် ကြိုးစားပါ့မယ် "

ထို့နောက် အခန်းတံခါးဖွင့်သံကို ကြားလိုက်ရတာကြောင့် ယွန်းဂီက သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်သည် ။

အခန်းထဲသို့ ဝင်လာသူမှာ ယောက်ျားလေးနှစ်ယောက်ဖြစ်ပြီး တစ်ယောက်က အရပ်ရှည်ကာ ချောမောသည့်မျက်နှာက တစ်ခါတွေ့ရုံဖြင့် တစ်သက်မမေ့နိုင်သည့် ရုပ်ရည်သွင်ပြင်မျိုး ဖြစ်သည် ။ အခြားတစ်ယောက်ကမူ သူနှင့်တန်းတူ အရပ်လောက်မှာရှိပြီး ဖြူဝင်းသည့်အသားအရည်နှင့် မိန်းကလေးတွေမှာတောင် တွေ့ရခဲသည့် နှုတ်ခမ်းဖူးဖူးလေးတစ်စုံကို ပိုင်ဆိုင်ထားကာ ချောမောလှသည် ။

Please Love MeWhere stories live. Discover now