Episode ~ 23

477 72 10
                                    

ဇာတ်လမ်းအတွက် အစမ်းလေ့ကျင့်သည့်အတောအတွင်း ယွန်းဂီမှာ ထယ်ယောင်းနှင့်ဂျီမင်းအပြင် တခြားသော သရုပ်ဆောင်တွေနှင့်ပါ ရင်းနှီးကျွမ်းဝင် သွားခဲ့သည် ။ ဟန်ဆယ်ဗြောနှင့်သူက ငယ်သူငယ်ချင်းအဖြစ် သရုပ်ဆောင်ရမှာ​ဖြစ်ပြီး အတော်လေးလည်း ခင်မင်နေပြီ ဖြစ်သည် ။

သူတို့ရဲ့ ရက်အတော်ကြာ အစမ်းလေ့ကျင့်မှု ပြီးသွားသည့်နောက် ရုပ်ရှင်ကို စတင် ရိုက်ကူးတော့မည်ဟု ကြေညာချက်ကြောင့်သူ့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေမိတော့သည် ။

အိမ်အပြန်လမ်း၌ သူက ထိုသတင်းကို ဂျောင်းဂုကိုလည်း ပြောပြချင်တာကြောင့် ဖုန်းလှမ်းဆက်လိုက်သည် ။

" ဟယ်လို ဂျောင်းဂု "

တစ်ဖက်မှ ဂျောင်းဂုက အံ့သြစွာ ဆိုလာသည် ။

" Hyungက ဒီအချိန်ကြီး ဖုန်းဆက်လို့ပါလား ။ ဘာကိစ္စရှိလို့လဲ "

ယွန်းဂီက မြူးတူးသည့်အသံဖြင့် ဆိုလာသည် ။

" နောက်တစ်ပတ်နေရင် ရုပ်ရှင် ရိုက်ကူးတော့မှာ ။ တကယ်ကြီး ငါက သရုပ်ဆောင်ရတော့မှာ သိလား "

" တကယ်လား ။ ရင်ခုန်လိုက်တာ ။ အဲ့နေ့ကျရင် Hyung ဆီကို Coffee Truck ပို့ပေးမယ် "

" မလိုပါဘူး ။ မင်းဆီကနေပဲ ယူနေရတာ အားနာလာပြီ ။ "

" အားမနာပါနဲ့ ။ ကျွန်တော်က Hyung ကို ပေးချင်လို့လေ ။ "

" မင်းသဘော ။ ဒီနေ့က နောက်ဆုံးရက်ဆိုတော့ အရမ်းပင်ပန်းတာပဲ ။ ငါက ဒီကိစ္စပြောချင်လို့ မင်းဆီကို ဖုန်းဆက်လိုက်တာ ။"

" ပင်ပန်းနေတယ် မဟုတ်လား ။ အနားယူတော့ ။ နောက်နေ့မှ ပြောလည်းရတာပဲ ။ "

" အင်း "

ယွန်းဂီမှာ ဖုန်းချလိုက်ပြီးနောက် ကားပေါ်၌
တစ်ရေးအိပ်လျက် လိုက်ပါလာခဲ့တော့သည် ။

ပထမဆုံး ရိုက်ကူးရေးနေ့ဖြစ်ပြီး သူငယ်ချင်းသုံးယောက်ရဲ့အပိုင်းကို ရိုက်ကူးမှာဖြစ်တာကြောင့် ထယ်ယောင်းနှင့်ဂျီမင်းက ရောက်ရှိနေသည် ။ ဟန်ဆယ်ဗြောကလည်း သူတို့နဲ့ရိုက်စရာရှိတာကြောင့် သူမပါ ထိုရိုက်ကူးရေး၌ ရှိနေလေသည် ။

Please Love MeWhere stories live. Discover now