ပန်းချီခန်းထဲ၌ ဂျောင်းဂုမှာ ရုပ်လုံးပေါ်နေပြီ ဖြစ်သည့် ပန်းတစ်ပွင့်ပုံကို အေးအေးလူလူ ရေးဆွဲနေသည် ။ ထိုပန်းပွင့်ပုံက Tiger Lily ပန်းပွင့်ပုံ ဖြစ်ပြီး အစစ်ဟု ထင်ရလောက်အောင် ရုပ်လုံးကြွကာ လှပပေသည် ။
ထို့နောက် သူ့မှာ ပန်းချီရေးဆွဲနေရင်း နေ့လယ်က ယွန်းဂီရဲ့စကားတွေကို ပြန်လည်ကြားယောင် လာမိသည် ။
" ဂျောင်းဂု အရင်တုန်းက ငါတို့ တွေ့ဖူးသေးလား "
" ခုနက မင်း ငါတို့ကို ကယ်လိုက်တဲ့ပုံစံကို ရင်းနှီးနေလို့ ။ ငါ အထက်တန်းတုန်းကလည်း အခုလိုမျိုး ဖြစ်ခဲ့ဖူးတယ် ။ အဲ့တုန်းက ကောင်လေးတစ်ယောက် မင်းလိုမျိုးပဲ လာကယ်တာ ။ မင်းရဲ့မျက်လုံးတွေလိုမျိုး သူ့ရဲ့မျက်လုံးကလည်း ဝိုင်းစက်ပြီး အရမ်းလှတယ် ။ ငါ ကြည့်နေရင်း သူနဲ့မင်းနဲ့က တစ်ယောက်တည်းလို့ ခံစားရတယ် "
ဂျောင်းဂုက တိုးလျသည့်အသံလေးဖြင့် ရေရွတ်လိုက်သည် ။
" မှတ်မိပြီလား Hyung "
ထိုနှစ်ရဲ့အဲ့ဒီနေ့ရက်က သူ့အတွက်တော့ တစ်သက်လုံး အမှတ်ရနေမည့်နေ့ရက် ဖြစ်သည် ။
" အမေ...ကျွန်တော် မုန့်သွားဝယ်လိုက်ဦးမယ် "
သူ့စကားကြောင့် မစ္စဂျွန်က ပျာပျာသလဲ တားလာသည် ။
" နေမကောင်းတာကို ဘယ်သွားမလို့လဲ သားရယ် ။ အိမ်မှာပဲ နားနားနေနေ နေပါ ။ အဒေါ်ကြီးကို ၀ယ်ခိုင်းလိုက်လဲ ရတာပဲ "
မနေ့ညက ဂျောင်းဂုမှာ ရေကိုအကြာကြီး ချိုးလိုက်မိပြီး အအေးမိသွားကာ နေမကောင်းဖြစ်သွားတာကြောင့် ကျောင်းကိုတောင် ဖျက်လိုက်ရသည် ။ သို့ပေမယ့် သူက သိပ်မလန်းသလို ခံစားနေရတာကြောင့် လေကောင်းလေသန့် ရှုဖို့ မုန့်သွားဝယ်ရန် ခွင့်တောင်းလိုက်ပေမယ့် မစ္စဂျွန်က ကန့်ကွက်လာသည် ။
" သက်သာသွားပါပြီ ။ အိမ်ထဲမှာ နေရတာ မလန်းဆန်းသလို ခံစားရလို့ ။ အဲ့ဒါ အပြင်ထွက်ပြီး လမ်းလေးလျှောက်ချင်လို့ ။ သွားခွင့်ပေးပါနော် "
မစ္စဂျွန်မှာ သူမ၏ အနှီခေါင်းမာလှသည့် သားဖြစ်သူကို တားလို့မရတာကြောင့် ခေါင်းညိတ်လက်ခံလိုက်ရလေသည် ။
YOU ARE READING
Please Love Me