Episode ~ 33

569 74 12
                                    

သူက မျက်လုံးတွေကို ပြန်လည်ဖွင့်ကြည့်လိုက်တော့ အ​ဖြူရောင်မျက်နှာကျက်ကြီးကို
ဦးစွာ မြင်တွေ့လိုက်ရသည် ။ ထို့နောက် သူ့လက်ဖဝါးမှာ တစ်စုံတစ်ယောက်ရဲ့ တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းခံနေရသည် ။ ယွန်းဂီမှာ ခေါင်းလေးကိုစောင်းငဲ့ရင်း ဘေးဖက်သို့ ကြည့်ရှုလိုက်သည် ။

ဂျောင်းဂုမှာ မျက်လုံးလေးတွေဝိုင်းစက်လျက် သူ့ကို အံ့သြစွာကြည့်နေပြီး တဆက်တည်းမှာပင် ဝမ်းသာအားရသည့်အသံဖြင့် စကားဆိုလာသည် ။

" Hyung...သတိရပြီလား ။ "

" အင်း ။ "

ယွန်းဂီက လေသံတိုးလေးဖြင့် ပြန်ဖြေလိုက်ပြီး ထဟန်ပြင်လိုက်စဥ် ဂျောင်းဂုက သူ့အား ဖေးမပေးလာသည် ။

သူက ခေါင်းအုံးကို ကျောမှီလိုက်ပြီး ဂျောင်းဂုကို အမေးရှိလိုက်သည် ။

" ဒါနဲ့ ဘာလို့ ဆေးရုံရောက်နေတာလဲ "

" ဆေးလွန်သွားပြီး သတိလစ်သွားလို့လေ ။ ဂျင် Hyungက ဆေးရုံကို ခေါ်လာပေးတာ "

" အဲ့လိုလား ။ ငါ တစ်လုံးတည်းပို သောက်လိုက်တာကို "

သူ့စကားကြောင့် ဂျောင်းဂုမှာ သဘောမကျဟန် နှာမှုတ်လာလေသည် ။

" ဟွန့် Hyungက ဘာဖြစ်လို့ ကိုယ့်သဘောနဲ့ကိုယ် ဆေးကိုပိုသောက်ရတာလဲ ။ ဆရာဝန်နဲ့တိုင်ပင်မှပေါ့ ။ Hyungကြောင့် အခု ကျွန်
တော်ရော ၊ ဂျင် Hyungရော ဘယ်လောက်တောင် စိတ်ပူသွားရသလဲဆိုတာ သိရဲ့လား ။ "

သူ့အား ဆူပူကြိမ်းမောင်းလာတာကြောင့် ယွန်းဂီမှာ အူလည်လည်ပုံစံလေးဖြင့်သာ တုံ့ပြန်လိုက်သည် ။

ထို့နောက် ဂျောင်းဂုက ဖုန်းထုတ်လိုက်ပြီး ညစာသွားဝယ်သည့် ဆော့ဂျင်ကို ဆက်သွယ်လိုက်သည် ။ ယွန်းဂီ အိပ်ပျော်နေချိန်၌ သူတို့နှစ်ယောက်မှာ လွယ်လင့်တကူ ဖုန်းဆက်နိုင်အောင် ဖုန်းနံပါတ်လဲလှယ်ထားခဲ့ခြင်း ဖြစ်သည် ။

" ဟယ်လို ဂျင် Hyung ။ ယွန်းဂီ Hyungနိုးလာပြီ ။ Hyung အခု ဘယ်မှာလဲ "

တစ်ဖက်မှဆော့ဂျင်မှာ ဝမ်းသာသည့်အသံဖြင့် ဆိုလာသည် ။

Please Love MeNơi câu chuyện tồn tại. Hãy khám phá bây giờ