Chicagoမှာပွဲလုပ်တော့ ယွန်းဂီမှာ ထုံးစံအတိုင်း ဂျောင်းဂုအား အထူးတန်းတစ်နေရာ၌ သူ့ကို အားပေးနေသည်ကို အံ့သြစရာမရှိဖွယ် တွေ့မြင်ခဲ့ရသည် ။
ယွန်းဂီရဲ့စိတ်ထဲ၌ ဆော့ဂျင်ရဲ့ ဂျောင်းဂုကို
ရွဲ့စောင်းသည့်စကားအား ပြန်ကြားယောင်နေမိသည် ။" သူဌေးဂျွန်က သူဌေးသာဆိုတယ် တအားကို အားလပ်နေတာပဲနော် "
မှန်ပေသည် ။ ဂျောင်းဂုက နာမည်ကြီး Brandရဲ့သူဌေးဖြစ်ပေမယ့် အရမ်းကိုမှ အားလပ်နေသည်ဟု ယွန်းဂီလည်း တွေးနေမိသည် ။ ဒါမှမဟုတ် သူဌေးဖြစ်နေလို့ လုပ်စရာမလိုတာလည်း ဖြစ်နိုင်သည် ။
ပွဲပြီးသွားပြီးနောက် ဟိုတယ်သို့ပြန်ရောက်တော့ ယွန်းဂီမှာ ခပ်မြန်မြန်ပင် ကိုယ်လက်သန့်စင်လိုက်သည် ။ ထို့နောက် ညစာပင် မစားနိုင်တော့ဘဲနုန်းချိနေသည့်ခန္ဓာကိုယ်ကို အိပ်ရာထက်သို့ ပစ်လှဲချလိုက်ပြီးနောက် တချိုးတည်း အိပ်ပျော်သွားတော့သည် ။
ဖုန်းမြည်သံကြောင့် ယွန်းဂီမှာ အိပ်ပျော်နေရာကနေ နိုးလာခဲ့လေသည် ။ အိပ်မှုန်စုံမွှားဖြင့် နာမည်ကို ကြည့်လိုက်တော့ ဂျောင်းဂု ဖြစ်နေသည် ။ သူ့မှာ ဖုန်းကနာရီကိုကြည့်လိုက်တော့ ၁၁နာရီထိုးပြီ ဖြစ်သည် ။ ရေချိုးခန်းထဲက ရေကျသံကြားနေရတာကြောင့် ဆော့ဂျင်မှာ ဒီအချိန်ကြီး ရေချိုးနေလေသည် ။
ယွန်းဂီမှာ ဂျောင်းဂုက သူ့ဆီကို ဘာကြောင့်များ ဖုန်းဆက်လာသည်ကို သေချာမတွေးတောနိုင်တော့တာကြောင့် ဖုန်းကိုသာ ကိုင်လိုက်တော့သည် ။
" ဟယ်လို ။ ဘာပြောစရာရှိလို့လဲ ဂျောင်းဂု "
ယွန်းဂီက အိပ်ချင်နေသေးသည့်သူ့မျက်လုံးတွေကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး အိပ်ချင်မူးတူးအသံဖြင့် ပြောလိုက်သည် ။
တစ်ဖက်မှ ဂျောင်းဂုမှာ ယွန်းဂီရဲ့အိပ်ချင်မူးတူးအသံကြောင့် အားနာသွားရလေသည် ။
" Hyung...အိပ်နေတာလား ။ ကျွန်တော် နှောင့်ယှက်သလို ဖြစ်သွားတယ် ။ တောင်းပန်ပါတယ်နော် "
" မဟုတ်တာ ။ မင်း ဘာပြောစရာရှိလို့လဲ ။ ပြောလေ "
ဂျောင်းဂုမှာ သူ့နားမှာကပ်ထားသည့်ဖုန်းကို အဝေးသို့ အနည်းငယ် ခွာလိုက်ပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ၊ ရှူထုတ်လိုက်ရင်းဖြင့် စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်သည် ။
VOCÊ ESTÁ LENDO
Please Love Me