Episode ~ 31

538 76 10
                                    

နံနက်ခင်း၌ ဆော့ဂျင်မှာ အိမ်တံခါးကို ဖွင့်လိုက်ပြီးနောက် လွတ်လပ်ပေါ့ပါးစွာဖြင့် စ
ကားဆိုလိုက်ရင်း အိမ်ထဲသို့ ဝင်လာသည် ။

" ယွန်းဂီရေ...ငါရောက်ပြီ "

ပြန်ထူးသံမကြားရသည့်အပြင် ဧည့်ခန်းနှင့်မီးဖိုချောင်မှာလည်း ရှင်းလင်းနေတာကြောင့် သူ့မှာ စိတ်ညစ်သွားရပြီး အိပ်ခန်းတံခါးကို အားပါပါဖြင့် ခေါက်လိုက်သည် ။ နှစ်ခါ ၊ သုံးခါလောက်အထိ တံခါးခေါက်ပြီးသည့်တိုင် ပြန်ဖြေလာသံမကြားရတာကြောင့် သူ
က ဖုန်းကိုထုတ်လိုက်ပြီး လှမ်းဆက်လိုက်သည် ။

အိပ်ခန်းအတွင်းရှိ ဖုန်းမြည်သံကို ဆော့ဂျင်မှာ အပြင်ဖက်၌ အတိုင်းသား ကြားနေရသည် ။ သို့ပေမယ့် ဖုန်းမှာပြန်ဖြေလာချင်းမရှိပေ ။ ငါးခါလောက်အထိ သူ လှမ်းဆက်ပေမယ့် ယခုထက်ထိ မကိုင်လာတာကြောင့် ဆော့ဂျင်မှာ စိတ်ဆိုးလာရသည် ။ ထို့ကြောင့် သူက တံခါးကို တဒုန်းဒုန်း ထုလိုက်ရင်းဖြင့် အိပ်ခန်းထဲ၌အိပ်ပျော်နေသည့်ယွန်းဂီ ကြားစေရန် အော်ပြောလိုက်သည် ။

" ယွန်းဂီရေ...ထတော့ ။ သွားရမယ့်အချိန် ရောက်နေပြီ ။ မင်းအခုထက်ထိ မထသေးဘူးလား ။ ညက ဘယ်အချိန်မှ အိပ်တာလဲ ။ ထတော့..."

သူ့ရဲ့အဆက်မပြတ် တံခါးခေါက်သံနှင့် အော်ဟစ်ပြောဆိုသံမှာ ရပ်တန့်သွားပြီးနောက် တိတ်ဆိတ်မှုက တဖန် နေရာပြန်ယူလာသည် ။ တအောင့်ကြာသည့်အထိ အခန်းထဲမှ ချိုးချိုးချွတ်ချွတ်အသံတောင် မကြားရတာကြောင့် ဆော့ဂျင်မှာ ခေါင်းကုတ်လိုက်ရင်း သက်ပြင်းကိုချလိုက်သည် ။

" အေး မင်းမနိုးသေးရင်လည်း ငါကိုယ်တိုင် လာနှိုးမယ် "

ထို့နောက် သူက တံခါးလက်ကိုင်ဘုကို လှည့်လိုက်ပြီး အခန်းထဲသို့ ဝင်ရောက်လာလိုက်သည် ။ အိပ်ရာထက်၌ ယွန်းဂီမှာ နှစ်ချိုက်စွာ အိပ်ပျော်လျက်ရှိနေသည် ။ ဆော့ဂျင်က ခုတင်ဘေးသို့သွားလိုက်ပြီး ယွန်းဂီရဲ့ကိုယ်လုံးကို လှုပ်ယမ်းကာ နှိုးလိုက်သည် ။

" ယွန်းဂီ ထတော့ "

သို့ပေမယ့် ယွန်းဂီက အလွန်အမင်းကို အိပ်
ပျော်နေလေသည် ။ သူက ဘယ်လောက်ပင် ယွန်းဂီရဲ့ကိုယ်လုံးကို လှုပ်ယမ်းပြီး လည်
ချောင်းနာမတတ် အော်နှိုးပါစေ အိပ်ရာထက်ရှိလူမှာ တစ်ချက်လေးမျှပင် နိုးလာခြင်းမရှိဘဲ ဆက်လက်ကာ အိပ်ပျော်နေဆဲဖြစ်သည် ။ ယွန်းဂီရဲ့ခန္ဓာကိုယ်ဟာ သူ့ရဲ့အားပြင်းလှသည့်လှုပ်ယမ်းမှု​ကြောင့် ဘယ် ၊ ညာ ယိမ်း
ထိုးနေသည့်တိုင် မျက်လုံးတွေမှာ မှိတ်ထားဆဲ ဖြစ်လေသည် ။ ထိုအချင်းအရာ​ကို သ
တိထားမိလိုက်တာကြောင့် ဆော့ဂျင်မှာ သံ
သယဝင်လာရပြီး တပြိုင်နက်ထဲမှာပင် စိုး
ရိမ်သွားရလေသည် ။ သူက ယွန်းဂီကို ထပ်ခါတလဲလဲ အော်ခေါ်လိုက်သည် ။

Please Love MeTempat cerita menjadi hidup. Temukan sekarang