Episode ~ 36

576 77 12
                                    

ဒယ်ဂူမြို့၏ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုရှိ
တိုက်ခံအိမ်လေးတစ်လုံးရဲ့​သံခြံတံခါးရှေ့တွင် ခြေလှမ်းတွေကို ရပ်တန့်လိုက်သည် ။
ဂျောင်းဂုမှာ ဖုန်းထဲတွင် မှတ်သားထားသော လိပ်စာကို မှန် ၊ မမှန် တိုက်စစ်လိုက်သည် ။ လမ်းကား ကျဥ်းမြောင်းလှတာကြောင့် သူ့ကားကို လမ်းထိပ်၌ ရပ်ထားခဲ့ရပြီး သူက ထိုအိမ်ရှိရာသို့ လမ်းလျှောက်လာခဲ့ရသည် ။

ဂျောင်းဂုမှာ သံတံခါးလေးကို လက်ဖြင့်တဂျမ်းဂျမ်း ရိုက်ထုလိုက်ပြီး အသံပေးလိုက်သည် ။ ခဏအကြာတွင် ခြံတံခါးမှာ ပွင့်လာပြီး အမျိုးသမီးတစ်ဦးကို တွေ့မြင်လိုက်ရသည် ။ ထိုအမျိုးသမီးက သူ့အား ရွှင်ပြုံးလျက် စကားဆိုလာသည် ။

" ယွန်းဂီ လွှတ်လိုက်တာ မဟုတ်လား "

" ဟုတ်ပါတယ် ခင်ဗျ "

" လာ အထဲဝင် "

မစ္စမင်ခေါ်ဆောင်ရာ အိမ်တွင်းထဲသို့ ဂျောင်းဂုမှာ ရိုကျိုးစွာ ဝင်ရောက်လာလိုက်ပြီး ညွှန်
ပြရာ ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည် ။

" ဘာသောက်မလဲ ။ ကော်ဖီလား ၊ အအေးလား "

" မသောက်တော့ပါဘူး ခင်ဗျ ။ "

ထို့နောက် ဂျောင်းဂုက လက်ဆွဲအိတ်ထဲမှ စာအိတ်လေးကို ထုတ်ယူလိုက်တော့ သူမရဲ့မျက်လုံးတွေက အရောင်တောက်လဲ့သွားပြီး လျင်မြန်စွာပင် ထိုင်ခုံမှာ ထိုင်လာသည် ။

" စစ်ကြည့်လိုက်ပါဦး "

ဂျောင်းဂုက ကမ်းပေးရုံပင် ရှိသေး သူမက ဖြတ်ခနဲ ဆွဲယူလာပြီး စာအိတ်ကို ဖွင့်လာသည် ။ ထိုစာအိတ်လေးထဲတွင် ငွေသားမြောက်မြားစွာ မရှိဘဲ ချက်လက်မှတ်တစ်စောင်သာ ရှိလေသည် ။ သူမက သုညတွေကို လက်ညိုးလေးထောက်ကာ စစ်ဆေးလိုက်ပြီး စာအိတ်ကို လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည် ။

" လာပို့ပေးလို့ ကျေးဇူးပါပဲကွယ် "

ဂျောင်းဂုက မည့်သည့်စကားမှ မဆိုသလို မည်သည့်အပြုအမှုမှလည်း မပြသဘဲ မစ္စမင်ကိုသာ စိုက်ကြည့်နေသည် ။ ထို့နောက်မှ သူက ညင်သာသည့်အသံဖြင့် ဆိုလာသည် ။

Please Love MeWhere stories live. Discover now